Monday, February 8, 2016

Shell command တွေ အကြောင်းလေ.လာကြည်.ရအောင်
အမှန်မှာတော. command ဆိုပေမယ့် ဖုန်းထဲမှာ ပါတဲ့ binary file တွေကို ခေါ်သုံးတာပါ
adb.exe ရှိတဲ့ နေရာမှာ Shift + Right Click ကနေ Open command window here ကိုရွေးပါ
cmd box ကျလာပီဆိုရင်

ပထမဆုံး adb shell လို့ ခေါ်လိုက်ပါ
$ သို့မဟုတ် # တစ်ခုခုပေါ်လာပါလိမ့်မယ်
{ဘာမှ မပေါ်ရင် device ချိတ်ဆက်မှုရှိ မရှိ driver မှန်ကန်မှုရှိ မရှိ adb error တက်နေလား ပြန်စစ်ဆေးပါ}

adb shell
$ က Normal User ကို ကိုယ်စားပြုပြီး

# ကတော့ Super User ကို ကိုယ်စားပြုပါတယ်။
OK, မိမိ ဖုန်းက root လုပ်ပီးသား ဆိုရင်တော့ # ပေါ်လာဖို့ su ဆိုတဲ့ command ရိုက် ပေးရပါမယ်
su
လို့ ရေးပီး enter ခေါက်ပေးလိုက်ပါ။
root ပီးသားဆိုရင် # ပေါ်လာပီး
root မရှိရင်တော့ system bin sh su not found လို့ ပြပါလိမ့်မယ်

su
OK , စလိုက်ရအောင် root မရှိလည်းသုံးလို့ ရတဲ့ command လေးတွေ ပြောပြပါမယ်

List Command
အရင်ဆုံး List ကြည့်တဲ့ command လေးသုံးကြည့်ပါမယ်။

ls
{ အယ်လင်အက်စ်} လို့ရေးပီး Enter ခေါက်ကြည့်လိုက်ပါ ။

ခု ဖုန်းထဲမှာ ရှိတဲ့ ဖိုင်တွေ Directory{Android မှာ ဖိုဒါကို Directory လို့ပဲလွယ်လွယ်သုံးပါတယ်} တွေ တွေ.ရပါလိမ့်မယ်။ ခုမြင်နေရတဲ့ အရာတွေ အားလုံးဟာ ဖုန်းထဲမှာ ပါတဲ့ ဟာတွေပါ။

ls s
Linux သဘောတရားအရ ဖိုင်တစ်ခု ဖိုဒါတစ်ခုရဲ့ နာမည်ရှေ့မှာ dot {.} ခံထားရင်   hidden ဖြစ်နေပါတယ် မမြင်ရပါဘူး
ဥပမာ ABC ဆိုတဲ့ ဖိုဒါကို .ABC လို့ နာမည်ပြောင်းလိုက်ရင် hide ဖြစ်သွားမှာပါ။
အဲ့ဒီလို hide နေတဲ့ ဖိုင် ဖိုဒါတွေကို ls command နဲ့ ကြည့်လို့ မမြင်ရပါဘူး သူတို.ကိုပါမြင်ရအောင်ကြည့်ချင်ရင်

ls -a
{ အယ်လ်အက်စ် မိုင်းနပ်စ်အေ}ဆိုတဲ့ ls ရဲ့ optional command တစ်ခု ထပ်ထည့်ရပါမယ် -a က optional command ပါ။
ls-a
ls နဲ့ ls -a က ရတဲ့ result output နှစ်ခုကို ယှဉ်ကြည့်ပါ မတူတာတွေ့ရပါလိမ့်မယ်

နောက်တစ်ခု သုံးကြည့်ရအောင်
ls -l
{ အယ်လ်အက်စ် မိုင်းနပ်စ်အယ်လ်}
ဒီတစ်ခါတော့ ဖုန်းထဲက အားလုံးကို အသေးစိတ်ပြပေးပါလိမ့်မယ်။ {ဖိုင်လား ဖိုဒါလား Link ချိတ်ထားတာလား permission က ဘယ်လိုပေးထားတယ် file owner က ဘယ်သူတွေ ဘယ်နေ့ကတည်ဆောက်ထားတယ် ဖိုင်ဆိုဒ်ပမာဏ ဘယ်လောက်ရှိတယ် နာမည်က ဘာ…. ဆိုတာတွေ အကုန် ပါလာပါလိမ့်မယ်}။

ls -l
အားလုံးကို တစ်စုတစ်စည်းတည်း ကြည့်ချင်ရင်တော့

ls -la
{ အယ်လ်အက်စ် မိုင်းနပ်စ်အယ်လ်အေ}ဆိုရင် ရပါတယ်

MPPG