Wednesday, February 24, 2016









service လက်ခံထားတာကတော့ logo ရပ်နေတဲ့အတိုင်းနဲ့ပဲ လက်ခံထားလိုက်ပြီး
ဘာ Error ကြောင့် logo ရပ်တယ်ဆိုတာတော့မသိရသေးပါ။
ဖုန်းကို ပါဝါဖွင့်ကြည့်လိုက်တော့ Huawei logo ပေါ်လာတယ်၊
နောက် Boot Animation တက်တယ်၊ နောက် Boot Animation ရဲ့ ပုံလေးတစ်ပုံမှာလှုပ်နေပြီးဆက်မတက်တော့ပါ။

ယေဘူယျအားဖြင့်စဉ်းစားလိုက်ရင် Bootanimation အထိတက်တယ်ဆိုတော့
system ပိုင်းရဲ့တနေရာမှာ Error ရှိနေတဲ့ အတွက် Launcher အထိ
မတက်နိုင်ဖြစ်နေတယ်လို့ သုံးသပ်ရပါတယ်။ များသောအားဖြင့် အဲ့ error ကို ကြုံရတာက
Font change မိတာတွေကနေ ဖြစ်တတ်ပါတယ်။ system လည်ပတ်နေတဲ့ Font ပျက်သွားလို့
သို့မဟုတ် Rename ဖြစ်သွားလို့ စသဖြင့် error ကို ခဏခဏ တွေ့ရတတ်ပါတယ်။

font error လို့ထင်နေတဲ့ အတွက် လက်ရှိဖုန်းထဲကဖောင့်တွေကို စစ်ဆေးပါတယ်။
ပုံမှန် ဖုန်းအကောင်းမှာဆို usb debugging on ထားမယ်ဆိုရင်

adb shell
cd /system/fonts
ls -l


ဆိုတဲ့ command ၃ ကြောင်းသုံးပြီးစစ်လို့ရပါတယ်။
ဒီဖုန်းကိုစစ်မလို့ command ရိုက်တဲ့ အခါ adb မသိတဲ့ ပြဿနာကစပါတော့တယ်။
device manger မှာ Android adb interface ပြပြီး adb.exe ကနေ ချိတ်ဆက်နိုင်ခြင်းမရှိပါဘူး။ hardware ids တွေ adb_usb.ini ထဲ ထည့်ပေးမယ့်လည်း list of device attached ပဲ ဖြစ်နေပါတယ်။အဲ့တော့ ပထမဆုံးဖြေရှင်းရမယ့် ပြဿနာက adb ချိတ်နိုင်ဖို့ဖြစ်လာပါတယ်။
ဖုန်းတစ်လုံးကို ပါဝါဖွင့်ကတည်းက usb debugging on ပေးဖို့ဆိုရင် boot.img ထဲကနေ ခိုင်းလို့ရပါတယ်။အဲ့တော့ လက်ရှိဖုန်းရဲ့ boot.img ကို ရနိုင်ဖို့ကြိုးစားရပါတော့တယ်။
MTK device ဖြစ်တဲ့အတွက် boot.img ကို ဖုန်းထဲကနေ readback ထုတ်ဖို့လွယ်ကူပါတယ်။
SP Flashtool နဲ့ ထုတ်မယ်ဆိုရင် Scatter.txt လိုအပ်တဲ့အတွက် MTK Droidtool ကနေ
Scatter ကို အရင်ထုတ်ရမှာဖြစ်ပါတယ်။ဒါပေမယ့် adb မချိတ်နိုင်တဲ့အတွက် Scatter မပါပဲ
အလုပ်လုပ်မှ ရမှာဖြစ်ပါတယ်။ အဲ့ဒိတော့ scatter မလိုပဲ read/write လုပ်ပေးနိုင်တဲ့ Miracle ကိုအသုံးပြုပါတယ်။ Miracle ကို သုံးပြီး read ပါတယ်။ save as scatter ကို သုံးပြီး boot.img ကို ထုတ်လိုက်ပါတယ်။ အဲ့ဒီမှာ Scatter.txt ပါ ထွက်လာပါတယ်။

boot.img ကိုရပြီဆိုတော့ boot.img ကို cygwin သုံးပြီး unpack လုပ်၊ default.prop , init.rc , init.smdk4x12.usb.rc တွေမှာ usb debugging on နိုင်ဖို့ code တွေပြင်တယ်၊ ပြီးတော့ repack လုပ်လိုက်တော့ boot.img လေးရပြီ။အဲ့ boot.img ကို miracle နဲ့ write လုပ်ပြီး ပါဝါဖွင့်လိုက်တော့
adb ချိတ်လို့ရသွားပါတယ်။

adb သိပြီဆိုတော့ font တွေစစ်တယ် SmartZawgyi.ttf ဖြစ်ရမယ့်အစား SmartZawgyi.ttf.bak ဖြစ်နေတယ်။ ဒါနဲ့မင်္သကာလို့ /system/etc/ အောက်က xml တွေကိုပါထပ်စစ်တော့မှ ဖုန်း logo ရပ်နေရတဲ့ အဓိကအကြောင်းရင်းကို တွေ့ရပါတယ်။ fallback_fonts.xml.bak နဲ့ system_fonts.xml.bak နှစ်ဖိုင်ကြောင့်ပါ။သူတို့ရဲ့ name အမှန်က fallback_fonts.xml နဲ့ system_fonts.xml တို့ဖြစ်ပါတယ်။ Font changer တစ်ခုခုကြောင့် အဲ့လို rename ဖြစ်သွားရတာပါ။ ဒါနဲ့ အဲ့ xml နှစ်ဖိုင်ကို rename လုပ်ပါတယ်။

adb shell
cd /system/etc
mount -o remount rw /system
mv fallback_fonts.xml.bak fallback_fonts.xml
mv system_fonts.xml.bak system_fonts.xml

လို့ command ရိုက်လိုက်တာနဲ့ ဖုန်းက lock screen လေး တက်လာပါတော့တယ်။ ဒီဖုန်းအတွက် firmware ကို download ဆွဲဖို့ ရှာခဲ့ပေမယ့် Paid ဖြစ်နေတဲ့အတွက် ဆွဲခွင့်မရခဲ့တာကြောင့် ဒီလိုလုပ်ဖို့ ကြုံလာခဲ့တာပါ။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ဟာ M3 Mobile Professional Online Training မှာ ပို့ချမယ့် Update Error Solution ပုံစံရဲ့နမူနာပဲဖြစ်ပါတယ်။
ads - စနေ၊တနင်္ဂနွေ သင်တန်းအား 5.3.2016 Mandalay မြို့တွင် စတင်မည်ဖြစ်ပြီး Online Training ကို 25 ရက်နေ့တွင် စတင်မည်ဖြစ်ပါသည်။ အသေးစိတ်မေးမြန်းလိုပါက
ကိုကောင်းမြတ် - 09425007988
ကိုနိုင်လင်း - 09797780030 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


M3 Mobile Phone Professional Training