Wednesday, February 3, 2016


Qualcomm CPU သုံးထားတဲ့ Device တွေမှာ ပုံမှန်ပါနေကျ adb , fastboot , recovery , download mode 
တွေအပြင် တစ်ခြား Mode (Protocol) တွေလဲ ပါနေပါတယ်။ အဲ့ဒီ့ Protocol တွေကိုဝင်ဖို့ တစ်လုံးနဲ့ တစ်လုံး
ဝင်ရပုံခြင်းမတူပါဘူး ။ command နဲ့ဝင်ရတဲ့ဖုန်းတွေရှိမယ် , Toolbox တွေသုံးပြီးဝင်ရတဲ့နည်းတွေရှိမယ် , 
short circuit ဖြစ်အောင်လုပ်ပြီးဝင်ရတဲ့နည်းတွေလဲရှိပါမယ်။
ကျွန်တော်ကတော့ DIAG Mode , Sahara or FIrehose Protocol နဲ့ MMC Storage Mode ဆိုပြီး
သုံးမျိုးတော့သိထားပါတယ်။ အဲ့ထဲကမှ DIAG Protocol အကြောင်းနဲ့အသုံးဝင်ပုံထဲက နဲနဲ ပြောကြည့်မယ်ဗျ ။
Qualcom CPU သုံးထားတဲ့ Device တော်တော်များများမှာ Diag Mode ကိုဝင်ဖို့ shell command 
တစ်ကြောင်းနဲ့ဝင်လို့ရပါတယ် ။

"shell@android$# setprop sys.usb.config diag,adb"

Diag Mode ကိုရောက်သွားပြီဆိုရင် Computer ရှိ Device Manager ရဲ့ Port မှာ 
Qualcomm HSUSB Android DIAG 901D ဆိုတဲ့ Driver သိပါလိမ့်မယ်။Miracle Box ကို 
Install လုပ်ထားတဲ့သူတွေဆီမှာ Marshall Landon ဆိုပြီးသိပါလိမ့်မယ်။ 
အဲ့နေရာမှာ HSUSB QDLoader ဖြစ်နေရင် DIAG Driver မဟုတ်ပဲ မှားသိနေတာဖြစ်လို့ 
Uninstall ပြန်လုပ် ကြိုးထိုးပြန်တပ်ပါ ။

Diag Mode ကိုလဲရောက်ပြီး Diag Port နဲ့ Diag Driver လဲသိပြီဆိုရင် ဘာလုပ်လို့ရမလဲ ?
DIAG Protocol ကိုသုံးပြီး လုပ်လို့ရတာတွေအကုန် လုပ်လို့ရပါတယ် 😁
e.g. Repair Network , Repair IMEI , NV.qcn back & restore . SIM Clone ပွားတာကအစ tongue emoticon
Qualcomm ရဲ့ Port တွေမှာ သုံးလို့ရတဲ့ Tool သေးသေးလေးတစ်ခုတင်ပေးလိုက်ပါမယ် ။ 
စမ်းကြည့်ပါ ပေါ့ပေါ့ပါးပါးနဲ့ပါ ။ နာမည်က Primo Download V1,2.3 ပါ ။ တစ်ခြား Tool တွေအများကြီးပါ 
DFS , QPST , CDMA Workchop , QXDM ဘာညာ ... 😁
လုပ်နည်းအတိအကျ ကတော့ ရေးပြလို့မကောင်းလို့ပါ . You know grin emoticon
P.S. - Link သေသွားရင် နိုင်ငံခြားဆိုဒ်ကနေ ပြန်ရှာဒေါင်းပါ /
Tool ကဥပမာ ပေးတာနော် အားလုံးက ပုံသေတွက်လို့မရပါဘူး 😄
Edited ---- မှားနေရင် အမှန်ပြင်ပေးသွားကြပါ လိုနေသေးရင် ဖြည့်ရေးပေးကြပါ