Sunday, February 15, 2015

မင်္ဂလာပါ
ဒီပိုစ့်ကို တကယ်တော့ ပညာရှင်တွေမြင်ရင်တော့
အပေါ့စားလေး ဖြစ်မယ်ထင်ပါတယ်။
ဒါပေမယ့်လေ့လာခါစ ညီအကိုတွေအတွက်တော့
လုံးဝသိထားရမယ့် Android tutorial တွေထဲကတစ်ခု
အပါအ၀င်လို့ ထင်ပါတယ်။

အထူးသဖြင့် ဖုန်းတစ်လုံးကို Root လုပ်တော့မယ်ဆိုတဲ့
 ဖုန်းကလစ်သူတစ်ယောက်အတွက်
အခြေခံအကျဆုံး သဘောတရားတစ်ခုဖြစ်ပါတယ်။

USB debugging ကို On လုပ်ပြီးလို့ USB ဆိုင်ရာက
ကွန်ပျူ တာနဲ့ Connect ဖြစ်ပါမှာသာလျှ လင် Root လုပ်ဖိုရန်
အသင့်ဖြစ်နေမှာဖြစ်ပါတယ်။
 ဒီတော့ မိမိဟာ ဖုန်းကိုကလစ်တော့မယ် Root စတင်လုပ်ကြည့်တော့မယ်
စမ်းကြည့်တော့မယ်ဆိုရင်တော့ ဒီ USB debugging ကို
Enable ပြုလုပ်နည်းကို လေ့လာသင့်ပါတယ်။

အခက်ကြီးတော့မဟုတ်ပါ ဒါပေမယ် ဖုန်းအမျိုးအစားလိုက်
ကွာခြားကြလိမ့်မယ်ထင်ပါတယ်။ ဖုန်းမှာ Developer Option သာ
တစ်ပါတည်း ပါထားပြီးသား ဆိုရင်တော့ ပြု လုပ်ရတာ မခက်တော့ပါ။
အခုက ကျနော် ပြပေးသွားမှာကတော့ တစ်ချို့ သော စမတ်ဖုန်းတွေမှာ
Developer Option မပါလာခဲ့ရင်တော့ အောက်မှာ ကျနော်ပုံလေးတွေနဲ့
ပြပေးထားပါတယ်၊ လေ့လာကြည့်လိုက်ပါ။

၁။ ဖုန်းရဲ့ Setting ထဲကိုသွားပါ၊ ပြီးတော့ About Device ထဲတစ်ချက်နှိပ်ပါ
Build number ဆိုတာကို ခုနှစ်ထက်မနည်း ဆက်တိုက်နှိပ်လိုက်ပါ။
Yor are now a developer ဆိုပြီးစာတန်းပြလာပါလိမ့်မယ်။
အောက်ကပုံလေးကို ကြည့်လိုက်ပါ။
Settings –> About device and then tap on Build Number seven times repeatedly - See more at: http://primehowto.com/enabledisable-usb-debugging-android-devices/#sthash.wOFW0TlS.dpuf
 ၂။ Build number ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့
Developer Option ဆိုပြီး About Device အပေါ်က
စာတန်းတစ်ခု ထပ်တိုးလာပါလိမ့်မယ် အောက်ကပုံကိုကြည့်လိုက်ပါ။
၃။ အပေါ်ကပုံလေးအတိုင်း Developer Option ပေါ်လာခဲ့
အဲဒီ Developer Option ကိုတစ်ချက်နှိပ်လိုက်ပါ၊ ပြီးတော့
အောက်ကို အနည်းငယ်ဆင်းကြည့်လိုက်ပါ USB debugging နေရာကို
မြင်တွေ့ရပါလိမ့်မယ်။ USB debugging ရဲ့ ညာဘက်ထောင့် လေးထောင့်ကွက်
နေရာလေးမှာ အမှန်ခြစ်လေး ပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
၎။ စောနားက USB debugging ကို အမှန်ခြစ်တယ်ဆိုတာကတော့
SUB debugging ရဲ့ Off ဖြစ်နေတာလေးကို On ဆိုဖွင့်ပေးလိုက်တာ
သို့မဟုတ် ကွန်ပျူ တာနဲ့ ချိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။
SUB debugging ကို အမှန်ခြစ်လေး ပေးလိုက်တာနဲ့
အောက်ကပုံအတိုင်း ထပ်ပေါ်လာပါဦးမယ် အောက်မှာ ကြည့်လိုက်ပါ
အပေါ်ကပုံလေးအတိုင်း ပြနေခဲ့ရင်တော့ Allow USB debugging ဆိုပြီး
SUB debugging ကို On လုပ်ပြီး အသုံးပြုမလား မပြု ဘူးလားဆိုပြီး
မေးလာတဲ့ ပုံစံလေးတစ်ခုပါ။
အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ OK ကိုသာနှိပ်ပေးလိုက်ပါ။
အဲဒါဆိုကွန်ပျူ တာနဲ့ Connect ဖြစ်သွားပါလိမ်မယ့်။

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org