Tuesday, February 24, 2015

Xiaomi Series တွေထဲမှာ ခင်ဗျားတို့တွေ သိပ်သိပ်ကြိုက်တဲ့ COC Game လေးတွေ ဆော့ချင်ကြတယ်မဟုတ်လား။ခက်တာက Google နဲ့မှ ချိတ်ဆက်အသုံးပြုရတဲ့ Game ဆိုတော့ Google Play Store, Google Mail, Google Talk အစရှိတဲ့ Google နဲ့ ပတ်သတ်တဲ့ Application တော်တော်များများကို လိုအပ်နေတော့ ဒီ Application လေးက Internet ရှိရုံဖြင့် တစ်ကြိမ်တစ်ခါသာ Install လုပ် Download ဆွဲပြီး အသုံးပြုနိုင်မဲ့ Google Installer Application လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။သူရဲ့ အားသာချက်က Root မလိုပါဘူး။အားနည်းချက်ကတော့ မိမိဖုန်း Factory Reset ချလိုက်ရင်တော့ ခုနက Download ဆွဲ Install လုပ်ထားတဲ့ Google Application တွေဟာဆိုရင် ပျက်သွားမှာပါ။အဲ့ဒီ အခါကျရင်လဲ ဒီ Google Installer ဆိုတဲ့ Apk လေးကို Install လုပ်ပြီး Google Service တွေကိုထပ်မံ Download ရယူကာ အသုံးပြုနိုင်မှာပါ။Google Account Sign In ပြန်ဝင်ရင်လဲ Can't Establish a reliable connection to the server ဆိုတဲ့ Error မျိုးလဲ မတက်ပါဘူး။ကျွန်တော် ကိုယ်တိုင် သေချာစမ်းသပ်ပြီး အသုံးပြုထားတာမို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ဗျာ။
(မှတ်ချက် - Xiaomi ဖုန်းတွေမှာတော့ 100% နီးနီး အဆင်ပြေပါတယ်။တခြားသော Google Service မပါတဲ့ Devices တွေမှာတော့ Support လုပ်တဲ့ အလုံးမှာဆိုရင်တော့ အဆင်ပြေပြေ အသုံးပြုလို့ရပြီး Support မလုပ်တဲ့ ဖုန်းတွေမှာဆိုရင်တော့ ဒီ Application ကို အသုံးပြုလို့မရနိုင်ပါဘူး ခင်ဗျာ။)
မိမိ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ပြီးမှသာ အသုံးပြုကြပါလို့ တိုက်တွန်းချင်ပါသေးတယ် ခင်ဗျာ။
pCloud Download Link ~ http://goo.gl/fTgbwA
Dev-Host Download Link - http://d-h.st/mm9

Ye Kyaw Phyo(IT Bank - Tech Knowledge)