၂၀၁၁ ခုနှစ်မှာ မြန်မာ လူဦးရေ ၅ သိန်းခန့် အင်တာနက်ကို
အသုံးပြုနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၂.၆ သန်း အထိ တိုးတက်လာတယ်လို့ သူက
ပြောပါတယ်။
ဘာသာစကားရဲ့ သိမ့်မွေ့မှုကို ဖမ်းယူပြီး ဘာသာပြန်တာတွေကို တိကျလိုက်လျော့ညီထွေ ပြည်စုံအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာဘာသာနဲ့ Gmail အသုံးပြုလိုသူတွေအနေနဲ့ Setting ထဲမှာဝင်ပြီး မြန်မာဘာသာ ကို ပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖောင့် မရှိသေးတဲ့ ကွန်ပျူတာတွေ မှာတော့ မြန်မာစာကို အမှန်အတိုင်းမြင်တွေ့ရဖို့ အခက်အခဲတချို့ ရှိနေပါသေးတယ်။
၂၀၁၃ ဧပြီကလည်း ဂူဂဲလ် ရှာဖွေရေး အင်ဂျင်ကို မြန်မာဘာသာနဲ့ လုပ်ဆောင်ခဲ့သလို မကြာခင်ကလည်း မြန်မာဘာသာနဲ့ ဂူဂဲလ်မှာ ဘာသာပြန်နိုင်ပြီ ဖြစ်ပါတယ်။
မြန်မာစာနဲ့ ထပ်တိုးလိုက်တဲ့အတွက် Gmail ကို ဘာသာစကား ၇၄ ခုနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
By ဒီဗွီဘီ