Google က ဗြိတိန်တွင် နေထိုင်သူများသည် Gmail မှ ငွေလွှဲနိုင်ပြီဟု
ကြေညာပါသည်။ Desktop Gmail မှ နေ၍ ငွေပေးပို့ ၊ရယူနိုင်ပြီ ဖြစ်ပြီး
လက်ခံသူတွင် Gmail Address မရှိလျှင်တောင် ငွေလွှဲနိုင်သည်ဟု သိရပါသည်။
Gmail မှ ငွေလွှဲရန် Attachment Button ပေါ်သို့ Mouse Cursor ကို တင်ပြီး £
Icon ကို နှိပ်ရမည် ဖြစ်သည်။ ထို့နောက်တွင် ငွေပမာဏကို ရိုက်ထည့်ပြီး
ပေးပို့ရမည် ဖြစ်သည်။ ငွေလက်ခံရယူရန်အတွက်လည်း ထိုသို့ ပြုလုပ်နိုင်ပါသည်။
Gmail မှ ပထမဆုံး အကြိမ် ငွေလက်ခံရရှိသည့်အခါတွင် Google Wallet
အကောင့်ကို Set Up ပြုလုပ်ရမည် ဖြစ်ပြီး Debit Card or Bank Account နှင့်
ချိတ်ဆက်ရမည် ဖြစ်သည်။ လက်ခံရရှိသည့် ငွေများကို Google Wallet တွင်
သိမ်းထားနိုင်ပြီး ငွေပေးပို့ခြင်း၊ Google Play တွင် ဈေးဝယ်ခြင်းနှင့်
ဘဏ်အကောင့်သို့ လွှဲပြောင်းခြင်းများကို ပြုလုပ်နိုင်ပါသည်။
Google က
အသက် ၁၈ နှစ်ကျော်သည့် ဗြိတိန်တွင် နေထိုင်သူများအားလုံး အတွက် အဆိုပါ
စွမ်းဆောင်ချက်ကို လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အသုံးပြုနိုင်ရန်
ဖြန့်ချီပေးနေပါသည်။
Credit :Myanmar Digital Life Journal
ဗြိတိန်တွင် Gmail မှ ငွေလွှဲနိုင်ပြီ
on
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ