Tuesday, February 17, 2015

Adware များ၏ သရုပ်သကန်
>>>>>>>>>>><<<<<<<<<
Avast သည် Android OS သုံးစမတ်ဖုန်းနှင့် Tablet များတွင် ၀င်ရောက်ကပ်ငြိသော Adware များနှင့် ပတ်သက်၍ Anti-Virus အသုံးပြုသူတစ်ဦးဟု ဆက်သွယ်သတင်းပေးမှုမှ အစပြု၍ သတိထားမိခဲ့ခြင်းဖြစ် သည်။ Adware များမှာ Android ဂိမ်းကဲ့သို့ ဆော့ဖ်ဝဲတစ်ခုခုကို ထည့်သွင်းလိုက်ချိန်မှစ၍ စမတ်ဖုန်းများ အတွင်း ၀င်ရောက်ကပ်ငြိလာခဲ့ပြီး အလိုအလျောက် သတိပေးမှုများဖြင့် User များကို အချိန်ပြည့် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။ များသောအားဖြင့် ယင်း Adwareများ၏အလုပ်မှာ ဖုန်းအသုံးပြုသူ အားတရားမ၀င်သော (သို့) အန္တရာယ်ရှိစေနိုင်သော ဆော့ဖ်ဝဲအသစ်များကို Download ရယူစေရေး အတွက်ဆွဲဆောင်သိမ်းသွင်းရန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် Adware တစ်ခုသည် သာမန်အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာတွင်ပြသော စာကြောင်းများ Notification များနှင့် အလားတူပင်ဖြစ်၏။
သင်၏စမတ်ဖုန်းမှာ လေးလံနှေးကွေးနေပြီး ယင်းပြသာနာကို ဖြေရှင်းရန်အတွက် ဆော့ဖ်ဝဲအသစ်တစ်ခု ထပ်မံရယူရန်လိုအပ်သည်စသဖြင့် ဖြားယောင်းသွေးဆောင်ပြီး အခြား Application များကို Download ရယူရန် တွန်းပို့မည်သာဖြစ်သည်။ သို့သော အရင်းစစ်ကြည့်လိုက်လျင်တော့ ယင်းဆော့ဖ်ဝဲအသစ်များ အနက်အနည်းငယ်သာလျင် တရားဝင်ရယူနိုင်ပြီး စိတ်ချယုံကြည်ရသည့် ဆော့ဖ်ဝဲများဖြစ်နေသည်ကိုတွေ့ ရပါလိမ့်မည်။
“Adware တွေဟာ သံသယဖြစ်စရာကောင်းပြီး မမှန်မကန် Message တွေပို့တတ်တဲ့ ၀က်ဘ်ဆိုက်တွေ ဆီကို ရောက်သွားအောင် တစ်ဆင့်ပြီး တစ်ဆင့်လမ်းညွန်တတ်ပါတယ်။ ဒီဝက်ဘ်ဆိုက်တွေဟာ သင့်ကို နည်းလမ်းအမျိုးမျိုးနဲ့ ဒုက္ခပေးတတ်တဲ့နေရာတွေ ဖြစ်နေတတ်ပါတယ်” ဟု Avast ၏ Malware ဆိုင်ရာလေ့လာသုံးသပ်သူ Filip Chytry ကဆိုသွားခဲ့သည်။ စစ်မှန်သော ၀က်ဘ်ဆိုက်များမှ ရရှိသော ဆော့ဖ်ဝဲလ်များမှ ကြော်ငြာဆော့ဖ်ဝဲဟု အလွယ်ခေါ်ရမည့် Adware များကို တတ်နိုင်သမျှ ကြာကြာ ထိန်းဝှက် ပေးထားသော်လည်း ယင်း Adware များအားကောင်းလာချိန်တွင် ဖုံးမနိုင်ဖိမရဖြင့် ထွက်ပေါ်လာရစမြဲပင်။
ထို့ကြောင့်လည်း Filip Chytry က “ လူအများစုဟာ Adware တွေရဲ့ ရင်းမြစ်က ဘယ်ကလာတယ်ဆိုတာ ရှာဖွေနိုင်စွမ်းမရှိကြပါဘူး။ သူတို့ရဲ့ စမတ်ဖုန်း ဒါမှမဟုတ် Tablet တွေကိုဖွင့်လိုက်တိုင်း မမှန်မ ကန်ကြော်ငြာတွေနဲ့ပဲ ကြုံတွေ့နေရတတ်ပါတယ်။ Android ဖုန်းသုံးသူတွေဟာ ပေါ်ပေါက်လာ တဲ့ ပြသာနာတွေကို Adware တွေကလမ်းညွန်ထားတဲ့အတိုင်းလိုက်လုပ်ရန်အဆင်ပြေသွားလိမ့်မယ်လို့ တထစ်ချယုံကြည့်ထားကြပါတယ်။ နောက်ဆုံးတော့ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ မယုံကြည်ရတဲ့ရင်းမြစ် (၀က်ဘ်ဆိုက်) တစ်ခုက မလိုလားအပ်တဲ့ ဆော့ဖ်ဝဲတစ်ခုခုဆီမှာ အဆုံးသတ်သွားတတ်ကြပါတယ် “ ဟု သုံးသပ်ခဲခြင်းဖြစ်ပါလိမ့်မည်။
နာမည်ကျော်ဖဲဂိမ်းတစ်ခုဖြစ်သည့် Durak Card အပြင် Google Play Store မှ အကြိမ်ရေသန်းပေါင်းများ စွာ Download ရယူထားပြီးသည့်ဖြစ်သည့်ဂိမ်းအချို့မှာလည်း Adware များကို သယ်ဆောင်ပေးနေ သည်ဟု စွပ်စွဲခံထားရသည့်။ ထို့အပြင် ဂိမ်းသာမက လုပ်ငန်းသုံးအခြားဆော့ဖ်ဝဲ တစ်ခုခုမှာလည်း Adware များ၏ ခြိမ်းခြောက်မှုများကြုံတွေ့နေရဆဲသာဖြစ်၏။ BBC သတင်းဌာနမှ စုံစမ်းချက်အရ ပရိုရေးဆွဲ သူတစ်ဦးတည်း (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုတည်းမှ ပို့လွှတ်လိုက်သော မတူညီသည့် ဆော့ဖ်ဝဲများတွင် လည်း Adware များ၏ နှောင့်ယှက်မှုခံယူနေရကြောင်း Google Play Store ၏ ပိတ်ပင်မှုကို ခံယူခဲ့ရပြီဖြစ်ကြောင်းသိရသည်။
ယင်းဆော့ဖ်ဝဲများမှာ အဓိကအားဖြင့် ဗီဒီယိုဂိမ်းများ ဥာဏ်စမ်းပဟေဋ္ဌိများ Wedding Planning နှင့် ချက်ပြုနည်းလမ်းညွန်ဆော့ဖ်ဝဲများ (Cookery) တွင် ကပ်ငြိ ပါဝင်နေလေ့ရှိပြီး Google ကတော့ ရောင်း ချခွင့် ပိတ်ပင်မှုများပြုလုပ်ထားပြီးပြီဟုဆိုသည်။ ထိုအချိန်အခါမျိုးတွင် မူရင်း ဆော့ဖ်ဝဲထုတ်လုပ်ဖန်တီးသူ ကလည်း အကြောင်းပြန်မှု (သို့မဟုတ်) ပြန်လည်ဖြေရှင်းမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ ငြိမ်သက်နေလေ့ ရှိကြသည်။ Google ၏ တာဝန်ရှိသူတစ်ဦးက “တိုင်းကြားခံထားရတဲ့ ဆော့ဖ်ဝဲတွေအားလုံးကို ပိတ်ပင် ထားပြီးပြီလို့ပဲ ကြေညာလိုပါတယ်။ ဒီထက်ပိုပြီး ဘာမှ မပြောနိုင်သေးပါဘူး “ ဟုဆိုသွားခဲ့သည်။
Credit : Techspace Journal
ကျန်ရှိတဲ့အကြောင်းအရာများကိုဆက်လက်တင်ပြသွားပါမယ်။
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း