Saturday, October 18, 2014

ပထမဆုံးထွက်ပေါ်လာသည့် နာမည်ကြီးဇာတ်ကောင် Mickey Mouse ရုပ်ပုံစတစ်ကာများကို Viber စတစ်ကာ စတိုးတွင် ရရှိနေပါပြီ
အခမဲ့ စာပို့ခြင်းနှင့် HD အရည်အသွေး ဖုန်းခေါ်ဆိုမှုတို့ကို ၀န်ဆောင်မှုပေးနေသည့် လူသုံးအများဆုံး မိုဘိုင်းဆက်သွယ်ရေး platform ဖြစ်သော Viber မှ ဒစ္စနေလန်းနှင့် ပူးပေါင်း၍ Mickey Mouse နှင့် သူငယ်ချင်းများ ဇာတ်ကောင်ကိုအခြေခံသော စတစ်ကာ များကို ထုတ်လုပ်သွားမည်ဖြစ်ပါသည်။ ပထမဆုံးစတစ်ကာတွင် သက်ဝင်လှုပ်ရှားနေသည့် စတစ်ကာလေးများနှင့် Mickey အပါအ၀င် ချစ်စဖွယ် နာမည်ကြီးကာတွန်း ဇာတ်ကောင်များ အမျိုးမျိုးပါဝင်သော ရယ်ရွှင်ဖွယ်ရုပ်ပုံလေးများပါဝင်ပါသည်။ နောက်ပိုင်းထွက်ရှိလာ မည့် စတစ်ကာများတွင် စတိုင်ကျလှပသည့် Mickey ၏ ချစ်သူ Minnie Mouse နှင့် ဒေါသကြီးသော Pal ၊ Donald Duck ဇာတ်ဆောင်စသည့်အရုပ်လေးများလည်း ပါဝင်လာမည်ဖြစ်သည်။

သူရဲကောင်းတစ်ယောက်အဖြစ် မွေးဖွားလာသော Mickey Mouse သည် ဘ၀ကို အကောင်းမြင်ရူမြင်သုံး သပ်သည့် စိတ်အားထက်သနှ်မှု့နှင့် အတွင်းစိတ်ကိုပေါ်လွင်စေသည့် ဇာတ်ကောင်ဖြစ်သည်။ ဒါဆိုရင် မိတ်ဆွေသူငယ်ချင်းတွေရဲ့ ထူးခြားတဲ့နေ့တွေကို ဂုဏ်ပြုပေးနိုင်ဖို့ ထိခိုက်နစ်နာစေတဲ့ စာသားတွေထက် Mickey ရဲ့ စတစ်ကာလေးတွေကို အသုံးပြုတာ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းမဟုတ်ဘူးလား။ စကားလုံး တစ်မျိုးတည်းနဲ့ ဖော်ပြရန် မလုံလောက်တဲ့ အချိန်တွေမှာ ဒါမှမဟုတ် ပျော်ရွှင်ရယ်မြူးစရာ အချိန်တွေ မှာ စတစ်ကာလေးများနှင့် သင်ရဲ့ ခံစားချက်အတိအကျကို ပြောနိုင်တဲ့ အချိန် ရောက်လာပါပြီ။
“ကျွန်ုပ်တို့အနေနဲ့ ဒီလို အများချစ်ခင်တဲ့နာမည်ကြီးဇာတ်ကောင်အရုပ်လေးတွေကို စတစ်ကာဈေးကွက် မှာ ပေါင်းထပ်ခွင့်ရတဲ့အတွက် အလွန်ပီတိဖြစ်မိပါတယ်။”ဟု Viber ၏ CEO Mark Hardy ကပြောသည်။
“လူတိုင်းချစ်ကြတဲ့ Mickey Mouse နဲ့ ဒီလိုအလွန်တော်ကြတဲ့ ဇာတ်ကောင်စတစ်ကာလေးတွေက သင် ၏သူငယ်ချင်း၊ မိသားစုတွေဆီကို ရယ်ရွှင်မြူးတူးဖွယ် မက်ဆေ့စ်လေးတွေပို့တဲ့အခါမှာ အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ကြပါတယ်။ ကျွန်ုပ်တို့အနေနဲ့ မကြာခင် Mickey ရဲ့ တခြားသော မိတ်ဆွေအရုပ်လေး တွေကို ထပ်ပြီး ပြုလုပ်သွားဖို့လည်း စောင့်မျှော်နေပါတယ်” လို့ Mark Hardy ကထပ်လောင်းပြောကြား ထားပါတယ်။
အဆိုပါ Mickey Mouse စတစ်ကာများကို Viberတွင် အမေရိကန်ဒေါ်လာ ၁.၉၉ (မြန်မာကျပ်ငွေ ၁၈၀၀ခန့်) ဖြင့် ဒေါင်းလုပ်ခ် ရယူနိုင်ပြီဖြစ်သည်။

Credit:Myanmar Digital Life Journal