
Android Lollipop 5.0 ကို နိုဝင်ဘာလ ၃ ရက်တွင် စတင် ဖြန့်ချိမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
အဆိုပါ နောက်ဆုံးပေါ် Google mobile operating system ဖြန့်ချိမည့် နေ့ကို Android Police မှ ရရှိခဲ့သည့် app developer များထံပေးသော ရှင်းလင်းချက်တစ်ခု၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရှင်းလင်းချက်တွင် developer များအတွက် Android 5.0 Software Development Kit ကို ယခုအခါ ရရှိပြီ ဖြစ်ကြောင်း၊ developer များအနေဖြင့် Android 5.0 platform မှတစ်ဆင့် app များကို ဖန်တီး စမ်းသပ်နိုင်ကြောင်းနှင့် နောက်ဆုံးပေါ် mobile operating system အတွက် ရည်ရွယ်ထားသည့် app များကို Google Play Store တွင် တင်နိုင်ကြောင်းနှင့် သုံးစွဲသူများအနေဖြင့် နိုဝင်ဘာလ ၃ ရက်တွင် Android 5.0 ကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် Google သည် Nexus 6 ဖုန်းနှင့် Nexus 9 tablet တို့ကို နိုဝင်ဘာလတွင် ရောင်းချမည်ဟု ကြေညာထားရာ Android 5.0 ကို နိုဝင်ဘာလ ၃ ရက်တွင် ဖြန့်ချိမည့် ဖော်ပြချက်မှာ မှန်ကန်ဖွယ်ရှိသည်။
နိုဝင်ဘာလ ၃ ရက်တွင် Android 5.0 ကို ဖြန့်ချိသည့်အခါ Android သုံးစွဲသူအားလုံးမှ အဆိုပါ နောက်ဆုံးပေါ် Android operating system ကို အသုံးပြုနိုင်မည် မဟုတ်ပေ။ သို့ရာတွင် မိုဘိုင်းထုတ်ကုန် ထုတ်လုပ်သူများကမူ ၎င်းတို့၏ ထုတ်ကုန်များကို အဆင့်မြှင့်တင်ပေးရန် စီစဉ်မှုများ စတင် ပြုလုပ်လျက်ရှိသည်။
Google ကမူ ရက်သတ္တပတ် အနည်းငယ်အတွင်း Nexus 4, Nexus 5, Nexus 7 နှင့် Nexus 10 ထုတ်ကုန်များ၌ Android 5.0 ကို အသုံးပြုနိုင်မည်ဟု ကြေညာထားသည်။ ထို့အပြင် HTC ကလည်း Google ထံမှ နောက်ဆုံးပေါ် software ကို ရရှိပြီး ရက် ၉၀ အတွင်း HTC One M8 နှင့် HTC One M7 တို့အတွက် Android 5.0 ကို ဖြန့်ချိသွားမည်ဟု ပြောကြားခဲ့သည်။ Motorola ကလည်း ဒုတိယမျိုးဆက် Moto X နှင့် Moto G အပြင် အခြားသော ထုတ်ကုန်များအတွက် Android 5.0 ကို ယခုနှစ်ကုန်တွင် ဖြန့်ချိသွားရန် စီစဉ်နေကြောင်း ဆိုခဲ့သည်။
Ref: CNET
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ