Saturday, October 11, 2014

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbIgRmxrUfmGP5ypbmRXc65ek54WmoMJk5xcRjrlezGqMQEliMPXCNAdiKgoqGgoujFiajA-UTorDN9Gh975zzZb_jue16zsfti03ZKG52dsVwXkP2KIrfJE1VkJajtDy17qM-SXmFB7P5/s1600/20-GSM-300x225.jpg
MPT ၏ ငွေဖြည့်ကတ် သက်တမ်းမှာ ဝယ်ယူအသုံးပြုသော ငွေဖြည့်ကတ် အမျိုးအစားပေါ် မူတည်၍ ကွာခြားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ငါးထောင်ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၉၀၊ တစ်သောင်းကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၁၂၀၊ နှစ်သောင်းကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၂၄၀နှင့် သုံးသောင်းကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၃၆၀ သက်တမ်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖြည့်သွင်းထားသော ငွေပမာဏမှာ တစ်ကြိမ်ဖြည့် သွင်းတိုင်း သွင်းထားသော ပမာဏအပေါ်လိုက်၍ သက်တမ်းတိုးသွားမည် ဖြစ်သည်။

စက်တင်ဘာလ ၄ ရက်မှစတင်၍ အသုံးပြုသော ဆင်းမ်ကတ်များတွင် ဖြည့်သွင်း ထားသော ငွေဖြည့်ကတ် သက်တမ်း ကုန်လွန်သွားပါက ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ ရရှိတော့မည် မဟုတ်ကြောင်းသိရသည်။

Internet Journal