Monday, October 27, 2014


LG က G3 Screen Phablet ကို ကြေညာလိုက်ပါသည်။ ကိုရီးယားနိုင်ငံအတွက် ရည်ရွယ် ထုတ်လုပ်ထားပြီး NUCLUN ဟုခေါ်သော LG ၏ ပထမဆုံး Application Processor ကို အသုံးပြုထားပါသည်။

Chipset အသစ်သည် Multitasking ပြုလုပ်ရန်ကောင်းမွန်သော ARM big.LITTLE နည်းပညာကို အသုံးပြုထားပါသည်။ Octa-Core Chipset တွင် 1.5GHz ARM Cortex A-15 လေးလုံးနှင့် 1.2GHz ARM Cortex-A7 လေးလုံး တပ်ဆင်ထားပါသည်။

တစ်စက္ကန့်လျှင် 225Mb အမြန်နှုန်းဖြင့် ဒေါင်းလုပ်ရယူနိုင်သော LTE-A ကို အထောက်အပံ့ပေးပါသည်။ LG G3 Screen သည် G3 ၏ မူကွဲဖုန်းဖြစ်ပြီး ဒီဇိုင်းတူညီပါသည်။ သို့သော် G3 Screen တွင် ပိုမိုကြီးမားသော ၅.၉ လက်မ 1080p IPS Display တပ်ဆင်ထားပါသည်။

G3 Screen ၏ အခြား Specification များမှာ G3 နှင့် ဆင်တူပါသည်။ G3 Screen တွင် 2GB RAM, 32GB Internal Storage ပါရှိသည့် အပြင် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် OIS + နည်းပညာပါသော 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2.1MP Camera ပါရှိပါသည်။3000mAh Battery တပ်ဆင်ထားပြီး Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။

အနက်နှင့် အဖြူရွေးချယ်နိုင်ပြီး ဈေးနှုန်းကို မသိရသေးပါ။

Credit:Myanmar Digital Life Journal