စာချုပ်မရှိတဲ့
အမ်ပီတီဆင်းမ်ကတ်တွ ဆင်းမ်ကတ်ချိုးပြီး ကျန်တဲ့ကတ်ပြားကို
သေချာသိမ်းထားဖို့ လိုအပ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းမှ
သိရပါတယ်။ ‘အခုနောက်ပိုင်း စာချုပ်တွေ မရှိတော့ ဆင်းမ်ကတ်ချိုးတုန်းက
ကျန်တဲ့အခွံကို သိမ်းထားဖို့လိုတယ်၊ ဒါရှိရင် ပျောက်တာပဲဖြစ်ဖြစ်၊
ပျက်တာပဲဖြစ်ဖြစ် ပြန်လျှောက်လို့ရတယ်၊ (ကျပ်) ၁၅၀၀ နဲ့ ချပေးတာဆိုတော့
ဒီအတိုင်း အသစ်မချပေးဘူး၊ စာချုပ်မရှိဘူးဆိုရင် ချိုးပြီးကျန်တဲ့
ကတ်လေးတော့ သိမ်းထားပေးပါ’ လို့ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ
တာဝန်ရှိသူက ဆိုပါတယ်။ အမ်ပီတီက ၁၅ သိန်း၊ ငါးသိန်း၊ နှစ်သိန်းနဲ့
ချထားပေးခဲ့တဲ့ ယခင်ဆင်းမ်ကတ်တွေက စာချုပ်တွေနဲ့ ချထားပေးခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ချထားပေးတဲ့ ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်တွေကိုတော့
မှတ်ပုံတင်မိတ္တူနဲ့သာ ချထားပေးနေတာကြောင့် ကတ်ပျောက်၊ ကတ်ပျက် ဖြစ်ခဲ့လို့
ပြန်လျှောက်ရင် အထောက်အထား ရှိဖို့အတွက် ဆင်းမ်ကတ်ချိုးပြီး
ကျန်တဲ့ကတ်ပြားကို သိမ်းထားပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ စာချုပ်မရှိတဲ့
ဆင်းမ်ကတ်ပျက်၊ ပျောက်သွားတယ်ဆိုရင် ၎င်းဆင်းမ်ကတ်ချိုးပြီး ကျန်တဲ့
ကတ်ပြားမှာရှိတဲ့ နံပါတ်နဲ့ ပြန်လည်လျှောက်ရမှာပါ။ ကတ်ပြားမှာပါရှိတဲ့
နံပါတ်တွေက ဖုန်းဆင်းမ်ကတ် ပြန်လည် လျှောက်ထားရာမှာ အသုံးဝင်ရုံသာမက
ဖုန်းဆင်းမ်ကတ် လော့ခ်ချမိလို့ ၂၄ နာရီ ပိတ်ခံရတဲ့ အချိန်မျိုးမှာ
ဖုန်းပြန်ဖွင့်ဖို့ ကုတ်တောင်းခံရင်လည်း သည်နံပါတ်တွေက အသုံးဝင်မှာ
ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကုမုဒြာ
ဂျာနယ်တွင် ဖော်ပြထားပါသည်။
ref : http://www.khitlunge.net.mm/
အမ်ပီတီဆင်းမ်ကတ်ချိုးပြီး ကျန်တဲ့ ကတ်ပြားလေး သိမ်းထားပါ
on