Wednesday, June 17, 2015








ဒီတစ်ခေါက် ဘော်ဒါတို့အတွက် Xiaomi Mi4i Root ဖောက်လို့ရမယ့် နည်းလမ်းကို ပြောပြပေးပါမယ်။
သူက နောက်ဆုံး Version 5.0 အထက်တွေမှာလဲအလုပ်လုပ်ပါတယ်။ Xiaomi Mi3, Mi4 တို့ကို Root ဖောက်ဖို့အသုံးပြုတုန်းက update.zip ကိုအသုံးပြုပြီ Permission ကို Root Access ရအောင်ပြုလုပ်သွားတာပါ။ ဒီတစ်ခါတော့ Xiaomi Rooting Kit နဲ့ Root ဖောက်သွားမှာပါ။ လိုတိုရင်းနဲ့ပဲစလိုက်ရအောင်ဗျာ….
အောက်ကလင့်တွေမှာ လိုအပ်တဲ့ file တွေရဲ့ Download Link တွေရှိပါတယ်။
အပေါ်မှာပေးထားတဲ့ Link ရဲ့ ဖိုင်တွေဒေါင်းလို့ပြီရင် Desktop မှာ Folder တစ်ခုနဲ့ Extract လုပ်ထားပါ။
Extract လုပ်ပြီသွားရင် Xiaomi Mi4i USB Driver ကို Install လုပ်ပါ။
Install ဆွဲပြီးပြီဆိုရင် ဖုန်းကို USB Debugging On ပေးပါ။ USB Debugging On ဖို့အတွက် ဒီလမ်းကြောင်းကိုသွားပေးပါ…. Settings >> Additional Settings >> Developer Option >> USB Debugging >> မှာ USB Debugging On ပေးလိုက်ရင်ရပြါ့ပီ။
(Developer Option မတွေ့လျှင် ဒီအဆင့်ကို သွားပေးရပါမယ်.. လမ်းကြောင်းကတော့ Settings >> About Phone >> MiUi Version ကို ၇ ချက် ၈ ချက် ဆက်တိုက်နှိပ်ပေးပါ။ Developer Option ပေါ်လာရင် အပေါ်ကအဆင့်တွေကို သွားပါ။)
Desktop မှာစောစောက Extract လုပ်ထားတဲ့ ဖိုင်တဲ့က Xiaomi Rooting Kit folder ကိုဖွင့်ထားပါ။
ပြီရင် Xiaomi Mi4i ကို Computer နဲ့ချိတ်ဆက်လိုက်ပါ။ Root မဖောက်ခင် phone ကို Battery 40% or 60% လောက်ရှိရပါမယ်။
စောစောကဖွင့်ထားတဲ့ Xiaomi Rooting Kit Folder ထဲမှာ rec.bat file ကို Run ပေးလိုက်ပါ။
Run လိုက်တာနဲ့အောက်ကပုံအတိုင်းတက်လာပါလိမ့်မယ်… Fig 1.2
ကျွန်တော်တို့စတင်ပြီး Root စဖောက်ပါတော့မယ်… Root စတင်လုပ်ဖို့အတွက် 1 ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ.။
ဖုန်းက Fastboot Mode ထဲဝင်သွားပါလိမ့်မယ်။ ခဏစောင့်ပါ Root လုပ်ငန်းစဉ်စတင်နေပါပြီ… အနည်းဆုံးတော့ 4 – 5 minutes ကြားလောက်စောင့်ပေးပါ။
Root ဖောက်တဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပြီဆိုရင် ဖုန်းက Restart ကျသွားပါလိမ့်မယ်။
Restart ပြန်တက်လာပြီဆိုရင်တော့ SuperSu icon ကိုလိုက်ရှာပါ။ SuperSU icon သာတွေ့ရင်တော့ ကျွန်တော်တို့ Root ဖောက်တာ အောင်မြင်သွားပါပြီ။
မယုံသေးဘူးဆိုရင်တော့ Root Checker နဲ့ စစ်နိုင်ပါတယ်။
အဆင်ပြေကြပါစေ...
PDF File ဖြင့်လိုချင်သူတွေအတွက်ပါ...



Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း