Wednesday, June 17, 2015


Apple  သည် WWDC (Worldwide Developer Conference) 2015 တွင် iPhone နှင့် iPad များအတွက် အဓိက  software  ဖြစ်သော iOS 9 ကို မိတ်ဆက်သွားခဲ့သည်။

ဖြစ်သော သည် iOS 9 တွင်လုံခြုံရေးနှင့် စွမ်းဆောင်ရည်ဆိုင်ရာ update များပါဝင်သော အခြေခံများကို ခိုင်မာအောင် ပြုလုပ်ထားသည်။ အထူးသဖြင့် Apple သည် Siri တွင် ပြုပြင်ပြောင်းလဲမှုများ အကြီးအကျယ် ပြုလုပ်ထားသည်။ Siri ၏စကားလုံးများကို ခြေရာခံနိုင်စွမ်း တိကျမှု တိုးတက်လာသလို ယခုအခါတွင် အချိန်နှင့်အမျှ ပြောဆိုသော စကားလုံး၏ ၅ ရာခိုင်နှုန်းသာ အဓိပ္ပာယ်မဖော် နိုင်တော့ပေ။ Siri တွင် အကြီးအကျယ် ပြောင်းလဲထားသော အချက်မှာ Google Now ကဲ့သို့ ၎င်းသည် ပိုမိုစဉ်းစားဆုံးဖြတ် နိုင်စွမ်းနှင့် အခြေအနေပေါ် အကဲဖြတ်မှု မြင့်မားလာသည်။ Siri တွင် ပါဝင်လာသော Proactive ဟုအမည်ရသည့် feature သစ်ဖြင့် ပြုလုပ်မည့် အစည်းအဝေးကို အခြေခံ၍ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် text ပေးပို့ရန် contact များကို ဖော်ပြပေးမည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူတွင်ရှိသည့် ဖြစ်သော များကို အခြေပြု၍ download ပြုနိုင်ရန် app များကိုလည်း  အကြံပေးဖော်ပြ ပေးမည်ဖြစ်သည်။

Apple သည် developer များအတွက် အချိန်တိုတိုအတွင်း ရှာဖွေမှုများ ပြုလုပ်နိုင်ရန်အတွက် API တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့ကြောင့် app အတွင်း content ကိုဖုန်းပေါ်တွင် ဖိုင်များအဖြစ် မကြာမီရှာဖွေ နိုင်တော့မည် ဖြစ်သည်။ Apple ၏ software အင်ဂျင်နီယာဆိုင်ရာ အကြီးတန်း ဒုက္ကဋ္ဌဖြစ်သူ ခရိတ်ဖက်ဒရီဂျီသည် Appel app များထဲရှိ Siri ပေါင်းစပ်ပါဝင်ပုံနှင့် အဆိုပါ ရှာဖွေမှုများကို မည်သို့ဆောင်ရွက်နိုင်ပုံကို လက်တွေ့ပြသခဲ့သည်။ ဖက်ဒရီဂျီသည် ၎င်း၏ calendar တွင် ဟင်းလျာတစ်မျိုးကို မှတ်သားထားပြီး search တွင်“potato” ဟူသည့် စာသားရိုက်လိုက်သည်နှင့် ရှာဖွေမှုရလဒ်အတွင်း အာလူးဟင်း ချက်နည်းများကို ပြသပေးခဲ့သည်။

iOS 9 တွင် Apple Pay အတွက် update အချို့ ပါဝင်လာပြီး app တွင် royalty နှင့် စတိုးကတ်များကို ထည့်သွင်းနိုင်သည်။ ထို့အပြင် iOS 9 အတွင်းပါဝင်သော Passbook သည် Wallet အမှတ်တံဆိပ်ကို ပြောင်းလဲထားသည့် app တစ်မျိုးဖြစ်သည်။ ၎င်းအတွင်းသို့ စတိုးဆိုင် credit, debit နှင့် loyalty card များကို app အတွင်းထည့်သွင်း ထားနိုင်သည်။

Apple အနေဖြင့် Notes နှင့် Maps ကဲ့သို့ app များကိုလည်း ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ထားသည်။ ထို့အပြင် iOS 9 တွင် Flipboard နှင့်ယှဉ်ပြိုင်မည့် News ဟုအမည်ရသော app အသစ်တစ်မျိုး ပါဝင်လာသည်။ အဆိုပါ app သည်အမျိုးမျိုးသော သတင်းရင်းမြစ်များမှ သတင်းများကို ဖော်ပြပေးမည်ဖြစ်ပြီး သုံးစွဲသူက နှစ်သက်ရာကို follow ပြုလုပ်နိုင်မည် ဖြစ်သည်။

Apple သည် ဖြစ်သော အတွက် လုပ်ဆောင်ချက်သစ် တချို့ကို  iOS 9 တွင် ထည့်သွင်းခဲ့သည်။ iPad တွင် အီးမေးလ်အတွင်း attachment များပေးပို့ခြင်းအပြင် စာသားများကို cut နှင့် paste နှင့်အခြား အရာ ပြုလုပ်နိုင်မည့် quick-type ဘားအတွင်း shortcut သစ်များပါဝင်လာသည်။

iOS 9 အတွင်း low-power mode သစ်ပါဝင်လာပြီး iPhone ၏ဘက်ထရီ သက်တမ်းကို ၃ နာရီအထိ တိုးချဲ့အသုံးပြုနိုင်မည့် feature ဖြစ်ကြောင်း Apple ကပြောဆိုခဲ့သည်။ Apple သည် OS update သစ်များ install ပြုလုပ်နိုင်ရာတွင် လိုအပ်နေရာလွတ် ပမာဏကို လျှော့ချ ပေးထားသည်။ ထို့ကြောင့် ယခင်က OS သစ် update ပြုလုပ်ရာတွင် နေရာလွတ် 4.6GB လိုအပ်သော်လည်း ယခုအခါတွင် iOS 9 install ပြုလုပ်ရာတွင် နေရာလွတ် 1.3GB သာလိုအပ်တော့ မည်ဖြစ်သည်။ Apple သည် iOS 9 တရားဝင် ထွက်ရှိမည့်ရက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း iOS 9 မှာ iPhone အား မိတ်ဆက်ပေးနေ ကျဖြစ်သော နှစ်ကုန်ပိုင်းမှသာ ထွက်ရှိဖွယ်ရှိသည်။

Ref: BusinessInsider