Tuesday, June 23, 2015


အားနည်းချက်
ဘေးဘောင်လိုင်းက ပလပ်စတစ်ကို အသုံးပြုထားတဲ့အတွက် ချောမွေ့တဲ့အပြင် ကျောဘက်ကိုလည်း မှန်တစ်ထပ်နဲ့ ထပ်မံဖုန်းအုပ် ထားတဲ့အတွက် ဖုန်းကိုကိုင်တွယ် အသုံးပြုတဲ့အခါမျိုးမှာ အနည်းငယ်လေးတဲ့ ဖုန်းအလေးချိန်ကြောင့် မတော်တဆ လက်ကနေ လျောကျနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကွန်ရက်
GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Micro SIM တစ်ကတ်နဲ့ Nano Sim တစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual SIM ဖုန်းအမျိုးအစားပါ။

ဒီဇီုင်း
ကိုယ်ထည် ဖွဲ့စည်းမှုကတော့ လေးထောင့်ဆန်ဆန် ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်းမှု ပုံစံမျိုးဖြစ်ပြီး ဘေးဘောင်လိုင်းကို သီးခြားအရောင် ထည့်သွင်းထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နောက်ကျောဘက် ကာဗာကို မှန်တစ်ထပ်နဲ့ ဖုံးအုပ်ထားပြီး ရှေ့ဘက်မျက်နှာပြင်ကိုတော့ ကုပ်ရာခြစ်ရာတွေ မထင်နိုင်တဲ့ Scratch resistant Dragontrail glass မှန်နဲ့ ဖုံးအုပ်ထားပါတယ်။ ဘယ်ဘက်ခြမ်းဘောင်မှာ  ပါဝါခလုတ်ရှိပြီး အသံအတိုးအကျယ် ခလုတ်ကတော့ ညာဘက် ဘေးဘောင်ပေါ်မှာ ထည့်သွင်းထားပါတယ်။ SIM Slot 1 ကတော့ MicroSIM ပေါက်ဖြစ်ပြီး SIM Slot 2 ကတော့ NanoSIM အမျိုးအစား ဖြစ်ပါတယ်။ SD Card Slot ကတော့ ကျောဘက် ညာအပေါ်ဘက်မှာပါ။ ကျောဘက်ကင်မရာရဲ့ Flash မီးကိုတော့ ကင်မရာရဲ့ ညာဘက်ဘေးနားမှာပဲ ထည့်သွင်းထားပါတယ်။  စပီကာကိုတော့ ဖုန်းရဲ့ကျောဘက် အောက်ဘက်နားမှာ ထည့်သွင်းထားပြီး အသံထွက်ပိုင်း ကောင်းမွန်မှု ရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၃.၁၉ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ ၆.၅၅ စင်တီမီတာရှိပါတယ်။ ထုထည်အထူကတော့ ဝ.၈ စင်တီမီတာရှိပြီး အလေးချိန်ကတော့ ၁၃၅ ဂရမ်ပါ။ ဘက်ထရီကတော့ ဖြုတ်တပ်လုပ်လို့မရတဲ့ အသေပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၄.၅ လက်မရှိပြီး FWVGA IPS TFT play အမျိုးအစားပါ။ Screen Resolution အနေနဲ့ 480 x 854 Pixel  (219PPI) ရှိပါတယ်။

နည်းပညာ
ကျောဘက်ကင်မရာက Aperture ကို F/2.2 ထိရရှိနိုင်တဲ့ SonyIMX179 BSI sensor ကို ထည့်သွင်း အသုံးပြုထားတာဖြစ်ပြီး ကင်မရာဘေးပတ်လည်ကို ငွေအနားကွပ်နဲ့ တန်ဆာဆင်ထားပါတယ်။ ရှေ့ဘက်ကင်မရာက Aperture ကို F 2.8 ထိ ရရှိနိုင်တဲ့အတွက် Selfie ပုံတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာ ပိုင်းအနေနဲ့ PI 2.0+ နဲ့ တခြားဓာတ်ပုံ ရိုက်ခြင်းဆိုင်ရာ နည်းပညာတွေ များစွာထောက်ပံ့ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး OPPO ဖုန်းကို လူသိများစေတဲ့ အချက်တစ်ခုဖြစ်တဲ့ Guesture စနစ်တွေ ပြည့်စုံစွာ ပါဝင်တာပဲ ဖြစ်ပါတယ်။ ဖုန်းလုံခြုံရေးဆိုင်ရာစနစ်၊ Cloud သိုလှောင်မှုစနစ်၊ ဖုန်းဆားဗစ်ပိုင်းဆိုင်ရာ စနစ်စတဲ့ ဆော့ဖ်ဝဲပိုင်း ဆိုင်ရာတွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
အမြန်နှုန်း 1.3 GHz ရှိတဲ့ Quad-core CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်စနစ်အတွက် Mali-400MP GPU စနစ်တွေ ထောက်ပံ့ပါဝင်မှာ ဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုဖို့ အတွက်တော့ Micro SD ကို 32GB ထိထပ်မံ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.2 (KitKat) ကိုအသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက်ကင်မရာဟာ 8 Mega Pixel နဲ့ရှေ့ကင်မရာကတော့ 2 Mega Pixel ရှိပါတယ်။ WiFi 802.11 b/g/n စနစ်၊ Bluetooth v2.1+EDR  စနစ်နဲ့ micro USB စနစ်တွေ ထောက်ပံ့ပါဝင်ပြီး ပုံမှန်ကို နာရီပေါင်း ၁၈ဝ ကြာခံနိုင်တဲ့ Li-Ion 2000 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက် 
ကိုင်တွယ်အသုံးပြု ရတာကတော့ လက်ထဲမှာ အံ့ဝင်ခွင်ကျရှိတဲ့အပြင် ပလပ်စတစ် ကိုယ်ထည်က လက်ထဲမှာ ကိုင်တွယ်ရတာ ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ မကြီးလွန်း မသေးလွန်းတဲ့ အရွယ်စားက ဖုန်းကို သွားလေရာယူဆောင် သွားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်တော့ ပေးရတဲ့တန်ဖိုးနဲ့ သင့်တော်တဲ့ Software နဲ့ Hardware စနစ်တွေ ပေါင်းစပ်ပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ Guesture စနစ်ကတော့ တခြားပြိုင်ဘက် မော်ဒယ်တွေထက် သာလွန်တဲ့ အချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမှာပါ။ အရည်အသွေးနဲ့ တန်ဖိုး သင့်တင့်တဲ့ ဖုန်းကိုဝယ်ယူချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ အဖြူနဲ့ အနက် အရောင်နှစ်မျိုးနဲ့ ဝယ်ယူအသုံးပြု နိုင်မှာဖြစ်ပါတယ်။

အားသာချက်
ဒီဖုန်းက ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ OPPO Neo 5 ထက် မှတ်ဉာဏ်သိုလှောင်မှုစနစ် ပိုများလာတဲ့အပြင် ပိုကြီးတဲ့ဘက်ထရီကို အခု ၂၀၁၅ မော်ဒယ်မှာ အသုံးပြုထားပါတယ်။ ကင်မရာစနစ်ပိုင်းလည်း နဂို 5 MP ကနေ 8 MP ထိ တိုးမြှင့်ထားတာ တွေ့ရပါတယ်။ တခြားသော အသုံးဝင်လှတဲ့ ဆော့ဖ်ဝဲစနစ်တွေကလည်း သုံးစွဲသူတွေကို ကျေနပ်စေမှာ ဖြစ်ပါတယ်။

Device Support ;
OPPO Myanmar
Price ; 169,000 kyats

Internet Journal