Tuesday, June 23, 2015


ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် အတွက် မြန်မာနိုင်ငံပြန်တမ်းတွင် လည်းကောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏၀က်ဘ်ဆိုက်တွင်လည်းကောင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်တွင် လည်းကောင်းစတင်လွှင့်တင်ပေးထားကြောင်း သိရသည်။

ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၃၁)ဖြင့် ပြဌာန်းခဲ့သည်။ အဆိုပါ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများကို ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၅)ဖြင့် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများကို www.mcit.gov.mm ၀က်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

Internet Journal