Friday, June 12, 2015


အားသာချက်
Samsung Galaxy Tab A သည် ဈေးနှုန်းသင့်တင့်သော tablet ဖြစ်ပြီး ပရီမီယံ app များလည်း ပါဝင်သည်။ ၎င်း tablet တွင် microSD slot ပါဝင်ပြီး 128GB အထိ ထည့်သွင်းအသုံးပြု နိုင်သည်။

အားနည်းချက်
Samsung Galaxy Tab A 8.0 ကို ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ စပီကာ တစ်လုံးပါဝင်ပြီး အသံပိုင်းဆိုင်ရာ အားနည်းလှသည်။ ထို့အပြင် အဆိုပါ tablet သည် စာသားများ ဖော်ပြရာတွင် ရုပ်ထွက်ပိုင်း အရည်အသွေး နိမ့်ပါးသည်။

အသေးစိတ်ဖော်ပြချက်
Samsung Galaxy Tab A သည် ဈေးနှုန်းသက်သာသည့် သာမန် tablet တစ်မျိုးဖြစ်သည်။ ၎င်း tablet ၏မျက်နှာပြင် အရွယ်အစားမှာ ၈ လက်မခန့်ရှိပြီး နောက်ဆုံးပေါ် Android ဗားရှင်းကို အသုံးပြုထားသည်။ Samsung Galaxy Tab A သည် သုံးစွဲရသည်မှာ အားပါးတရရှိလှပြီး သုံးစွဲသူများ ရင်းနှီးပြီးသား ဖြစ်သောပရီမီယံ Wiz interface ကို အသုံးပြုထားသည်။ ထို့အပြင် သုံးစွဲရသည်မှာ အသုံးဝင်ပြီး စိတ်ပျော်ရွှင်စေသော software များပါဝင်သည်။ Tablet အတွင်း The Hobbit : Kingdoms နှင့် Pac Man Friends ကဲ့သို့ ဂိမ်းများလည်း မေတ္တာလက်ဆောင်အဖြစ် ပါဝင်လာသည်။ Tab A တွင် The New York Times, The Economist နှင့်အခြား ပုံနှိပ်သတင်းစာများကိုလည်း အခမဲ့ဖတ်ရှု နိုင်မည်ဖြစ်သည်။

Samsung Galaxy Tab A တွင် CPU 1.2 GHz quad-core Qualcomm Snapdragon APQ 8016 ပါဝင်သလို GPU မှာ Adreno 306 နှင့် RAM 1.5 GB, internal storage  16GB တို့ပါဝင်သည်။ Galaxy Tab A 8.0 ၏ရုပ်ထွက် အရည်အသွေးမှာ 4:3 1,024x768 pixel ဖြစ်သည်။ Galaxy Tab A 8.0 tablet ၏ကျောဘက် ကင်မရာမှာ 5 megapixel နှင့်ရှေ့ကင်မရာ 2 megapixel မှာရုပ်ထွက် ကြည်လင်မှုရှိသည်။

ဘက်ထရီ
Galaxy Tab Aသည် ၁၃ နာရီအထိ အသုံးပြုနိုင်ကြောင်း Samsung က ထုတ်ပြန်ထားသလို  အားအပြည့် သွင်းထားပါက နှစ်ရက်ခန့် အသုံးပြုနိုင်ကြောင်း သိရသည်။

Internet Journal