Monday, October 19, 2015


ဆရာနေလရဲ့ စေတနာ
နမူနာကိုးကားလို့ရအောင်ကဲ ဒီတစ်ခါ ကတော့ Supply ချိတ် လိုက်တာနဲ့ တတီတီ မြည်နေတဲ့
ပြစ်ချက်လေးကိုလိုက်နည်းလေးပေါ့ဗျာ

ဒီပြစ်ချက်လေးကိုဘယ်လိုလိုက်ရမလဲ ဆိုတာ Huawei C8813 လေးကို အခြေခံ ပြီး ပြောပြပေးပါမယ် ။ 
C8813 လေးကိုလေ့လာကြည့်တဲ့ အခါမှာ Supply ချိတ်ပြီး Power Switch မနှိပ်ခင်မှာ ကို ဆားကစ်ပြားရဲ့
နေရာ တော်များများ ကို VBAT ( 6 နေရာဝန်းကျင် ) ၊ VPH-PWR ( 12 နေရာဝန်းကျင် ) လောက်ရောက်နေတာ
တွေ့ ရပါတယ်၊ အဲတော့ Supply ချိတ်လိုက်တာနဲ့ အမ်ပီယာဆွဲ ပြီး တတီတီ မြည်နေတဲ့ပြစ်ချက်ဟာ အပေါ်မှာ 
ပြောထားတဲ့ နှစ်ခုပေါင်း ( 18 ) နေရာထဲက တစ်နေရာရာ ဒါမှမဟုတ် အဲလမ်းကြောင်းပေါ်က ကွန်ပို့နစ် လေးတွေ 
တစ်ခုခုပျက်စီးယိုယွင်းနေတာကြောင့်လဲ ဖြစ်နှိုင်တာပေါ့နော်။ဒါဆိုရင် ကျွန်တော်တို့ လိုက်ရမဲ့ နေရာတွေက
နည်းနည်းများနေတော့ VBAT & VPH-PWR လမ်းကြောင်းနှစ်ခုထဲက ဖြစ်နှိုင်တဲ့ လမ်းကြောင်းတစ်ခုကို
ရွှေးထုတ်နှိုင်ရင် အပြစ်လိုက်ရတာ နည်းနည်း ပိုအဆင်ပြေမှာပေါ့နော်……
ကဲဗျာခွဲကြည့်လိုက်ရအောင်အရင်ဆုံး VBAT လမ်းကြောင်းကို လေ့လာကြည့်ရအောင် 
အဲကောင်က Battery ရဲ့ အပေါင်းလမ်းကြောင်းကနေ FET ရဲ့ Drain ဆိုတဲ့ ပင်ရယ် U201 ဆိုတဲ့ PMU ထဲကို 
တိုက်ရိက်ဝင်သလို PA တို့ RF တို့ လို နေရာတွေကိုလဲ တိုက်ရိုက် သွားတာကိုတွေရပါတယ် 
အဲတော့ ရှော့ကျပြီးအမ်ပီယာဆွဲနေတဲ့ အလုံးကို FET လေး ဖြုတ်ကြည့်လိုက်လို့ မှ ရှော့မပျောက်သေးဘူးဆိုရင် 
အရင်ဆွဲနေတဲ့ အမ်ပီယာ အတိုင်းဆိုရင် VBAT လမ်းကြောင်း နဲ့ ပါဝါအိုင်စီ ဖြစ်ဘို့ များတာပေါ့နော် 
ရှော့လွတ်သွားတယ် ဒါမှမဟုတ် အမ်ပီယာအဆွဲ နည်းသွားတယ်ဆိုရင်တော့ VPH-PWR လမ်းကြောင်းပေါ့နော် 
အဲမှာ VPH-PWR လမ်းကြောင်းက FET ရှဲ့Source ဆိုတဲ့ပင်ကနေ PMU ထဲကို ( 17 ) နေရာဝင်သလို
ဆားကစ်ပြားရဲ့ နေရာတော်တော်များများ ကိုလဲသွားထားလေတော့ PMU မှာရှော့ကျတာလား
တစ်ခြားနေရာတွေကလားသိချင်ရင် PMU ခဏဖြုတ်ပြီး FET ရဲ့ Source ကနေဗို့လေးကျွေးကြည့်ပေါ့ 
အမ်ပီယာဆွဲနေသေးရင် တော့ VPH-PWR လမ်းကြောင်းကိုလိုက်ပေတော့ပေါ့နော် 
အမ်ပီယာမဆွဲတော့ဘူးဆိုရင်တော့ PMU ကြီးပေါ့လို့ ထင်တာဘဲ ဟီးဟီး ပြည့်ပြည့်စုံစုံပြောပြချင်ပေမဲ့ 
တော်ပြီနော် နည်းနည်းရှည်သွားလို့( စာရိုက်ရတာလဲပျင်းတာက တစ်ကြောင်း ၊ ကိုယ်တိုင်လဲ လေ့လာစေချင်တာက
တစ်ကြောင်း ၊အထူးသဖြင့် ကျွန်တော်လေးစားရတဲ့ ဆရာသမားတစ်ယောက်ပြောတဲ့ 
“ မိမိရဲ့ အသက်မွေးဝမ်းကြောင်းပညာကို မိမိကိုယ်တိုင်ကာကွယ်ရမယ် “ ဆိုတဲ့စကားလေးကိုအမှတ်ရမိတာကြောင့် ) 
ခွင့်လွှတ်ပါနော်……………………….. 
မှတ်ချက်……ကျွန်တော်အခုပြောပြတဲ့နည်းတွေက အတိအကျကြီးတော့မဟုတ်ဘူးနော်
နမူနာကိုးကားလို့ရစေရန်အတွက်သာ…………မှားတာရှိရင်ခွင့်လွှတ်နားလည်ပေးပါအုံးနော်
…………………………. လေးစားစွာဖြင့် Ko Nayla

ဖိုး စပ် စု