Wednesday, October 21, 2015


HTC သည် Android 6.0 Marshmallow ဖြင့် အသုံးပြုနိုင်မည့် One A9 စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါဖုန်းသည် 6S နှင့် အလွန်တူညီပြီး ပါးလွှာကာ ထောင့်မှန်စတုဂံ အချိုးအစား၊ လုံးဝန်းသည့် အနားထောင့်များနှင့် screen အောက်ခြေဘက်တွင် Home ခလုတ်အနေဖြင့် လုပ်ဆောင်နိုင်သော fingerprint scanner တစ်ခု ပါဝင်သည်။

One A9 တွင် Qualcomm Snapdragon 617 Octa-core processor နှင့် 3GB RAM တို့ကို အသုံးပြုထားပြီး optical image stabilization ပါဝင်သော 13-megapixel ကျောဘက်ကင်မရာ တပ်ဆင်ပါဝင်သည်။ အရှေ့ဘက်ကင်မရာတွင် HTC ၏ UltraPixel sensor ကို အသုံးပြုထားပြီး ၎င်းသည် စမတ်ဖုန်းကင်မရာ အများစုထက် အလင်းကို ပိုမိုဖမ်းယူနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားသည်။ အဆိုပါဖုန်းတွင် Qualcomm ၏ Quick Charge 3.0 နှင့် Dolby အသံစနစ်ကို ထောက်ပံ့ပေးထားသည်။ သိုလှောင်မှုပမာဏ 32GB ဖြစ်ပြီး microSD card မှတစ်ဆင့် တိုးမြှင့်သိမ်းဆည်းနိုင်သည်။

HTC One A9 တွင် ၅ လက်မအရွယ် full HD AMOLED display ပါဝင်ပြီး အိတ်ကယ်ထဲတွင် အံဝင်ခွင်ကျ ထည့်သွင်းသယ်ဆောင်သွားနိုင်သလို လက်တစ်ဖက်တည်းဖြင့် အဆင်ပြေစွာ ကိုင်တွယ်အသုံးပြုနိုင်သည်။
၎င်းစမတ်ဖုန်းသစ်တွင် Android 6.0 Marshmallow ကို Sense နှင့်အတူ အသုံးပြုထားသောကြောင့် BlinkFeed ကဲ့သို့သော feature များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

HTC One A9 ကို ဒေါ်လာ ၄၀၀ ဖြင့် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ကြိုတင်မှာယူမှု ပြုလုပ်နိုင်သည်။
Ref: ComputerWorld

Credit to ==> Internet Journal