Monday, October 19, 2015


Smart phone တစ်လုံးကို ပြင်နိင်ဖို့ 
basic electronic ကနေ စပြီးချဉ်းကပ်တာ
ရေရှည်အတွက်ပိုမိုကောင်းမွန်ပါတယ်
ဒီနေရာမှာသီအိုရီ ထိဆင်းပြီးလေ့လာနေရင်
အချိန်တွေကုန်ပြီး ခရီးမရောက်ဖြစ်နေပါမယ်
ဖုန်းတစ်လုံးတည်ထွင်နိင်ဖို့လေ့လာနေတာ
မဟုတ်ပါဘူး ပျက်နေတဲ့ဖုန်းတစ်လုံးဘယ်အပိုင်း
ကပျက်တာလဲ ဆိုတာရှာတတ်ဖို့ ကို အရင်
လေ့လာရပါတယ်ပြီးမှ ပျက်နေတဲ့ပစ္စည်းကို
ဖြုတ်တတ်လဲလယ်နိင်ဖို့  skill ကိုလေ့ကျင့်
ရပါတယ် 
ပထမလေ့လာ
ဒုတိယလေ့ကျင့်
တတိယ ရှာဖွေ
ဒီလိုပဲလုပ်သွားသင့်ပါတယ်
ရှာဖွေဆိုတဲ့နေရာမှာ online ပေါ်မှာဖုန်းနဲ့ပတ်သက်
တဲ့ နည်းပညာ pdf ပေါင်းများစွာရှိပါတယ်
ပထမနားမလည်လဲ စိတ်ဓါတ်မကျပါနဲ့
ကြိုးစားပြီးလေ့လာပါ နောက်ပိုင်းစာဖတ်အား
ကောင်းလာရင်အဆင်ပြေလာမှာပါ
ပစ္စည်းအသစ်အဆန်းလေးမြင်ရင်လေ့လာပါ
နည်းပညာဟာအမြဲဆန်းသစ်နေတဲ့အတွက်လေ့လာလို့ 
မပြီးနိင်ပါဘူး
ဖုန်းပြင်တဲ့နေရာမှာ တစ်ချို့ လွဲမှားနေတဲ့အမြင်က
တစ်ခုကောင်းလုပ်နိင်ရင်ရပြီလို့ ထင်ကြပါတယ်
တကယ်တော့ ဖုန်းတစ်လုံးပါဝါလာဖို့ တောင်
hardware နဲ့ software အချိုးကျကျပေါင်းစပ်ပြီး
အလုပ်လုပ်သွားတာပါ တစ်ခုထဲကောင်းနေရုံနဲ့
ပါဝါမနိုးနိင်ပါဘူးဒါကြောင့် နှစ်ခုလုံးလေ့လာထား
ဖို့ လိုပါတယ်
အရေးကြုံလာရင်ဖြေရှင်းတတ်ဖို့ အနဲအကျဉ်း
တော့လေ့လာထားသင့်ပါတယ်
ဒီတော့ hardware ပိုင်းမှာ ဘာတွေပါဝင်သလဲ
ဆိုတာအရင်လေ့လာကြည့်ပါ
hardware ပိုင်းမှာအဓိက နှစ်ပိုင်းရှိပါတယ်
Active components နဲ့ Passive components
ဆိုပြီးရှိပါတယ် ဒီအထဲက Active အပိုင်းဟာအိုင်စီတွေပါဝင်တဲ့အပိုင်းဖြစ်တဲ့အတွက်
ဒုတိယအဆင့်မှာထားပြီးလေ့လာသင့်ပါတယ်
ပထမအဆင့် Passive အပိုင်းမှာbasic electronic 
ပိုင်းဖြစ်တဲ့ capacitor.resistor.coil.diode.
fet/sot.thermistor.varistor crystal.emi filter.
စတဲ့ပစ္စည်းလေးတွေ တစ်ခုချင်းစီကို ထဲထဲဝင်ဝင်
လေ့လာသင့်ပါတယ်
ဥပမာ capacitor လို့ ပြောလိုက်ရင်
filter.coupling.bypss စတဲ့ capacitor တွေအပြင်
နောက်ပိုင်းမှော်ဒယ်မြင့်ဖုန်းတွေမှာပါလာတဲ့
3 terminal capacitor ဘယ်လို ထည့်သွင်းအသုံး
ပြုထားတယ်ဆိုတာ လေ့လာဖို့ တိုးလာပါပြီ
coil အုပ်စုမှာလဲ shielded.unshielded.တို့ အပြင်
BL coil တစ်ချို့ အခေါ် LB coil လေးတွေရဲ့
ဖွဲ့စည်းမှု သူတို့ ကို Ferrite Bead လို့ ခေါ်ပုံ 
တပ်ဆင်အသုံးပြုခြင်းရည်ရွယ်ချက်
စတဲ့ထပ်တိုးလေ့လာစရာတွေအများကြီးရှိနေပါတယ်
ဆက်လက်ဖော်ပြပါဦးမည်

ဖိုး စပ် စု