Thursday, December 4, 2014

အခုတင်ပေးတဲ့ post ကတော့ လွန်ခဲ့တဲ့ (၄)လလောက်က တစ်ခါတင်ခဲ့ပေးဘူးပါတယ်.. SONY Xperia ဖုန်းတွေအတွက် Factory reset လုပ်လို့ရတဲ့ FTF File တွေပါ..
SONY Xperia ဖုန်းတွေမှာ Original Recovery ထည့်မထားပေးတဲ့အတွက်
pattern lock / pin lock ကျသွားလို့ USB debugging On မထားတဲ့ဖုန်းတွေ
Root မလုပ်ထားတဲ့ ဖုန်းတွေဆို Firmware ပြန်တင်မှ lock ဖြုတ်လို့ရတော့ပါတယ်...
အဲဒီမှာ Firmware file size ကြီးတွေ ရှာရ ဒေါင်းရ ဒုက္ခများပါတယ်..ဒီ file လေးတွေက အဲဒီဒုက္ခကို ဖြေရှင်းပေးပါတယ်...ကျွန်တော်တင်ထားပေးတာ
အရင်ကဟာရော အခုပါပေါင်း အမျိုး (၃၀) ပါ ပါတယ်... File size က 22 MB ကျော်ကျော်ပဲရှိတဲ့အတွက် ဒေါင်းရလည်း လွယ်မှာပါ..အသုံးပြုနည်းကတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ Model No. ကို C:/flashtool/firmware အောက်ကိုထည့်
ပြီးရင် flashtool ကနေ firmware တင်သလို တင်လိုက်ယုံပါပဲ အချိန်တိုအတွင်း အလုပ်ဖြစ်ပါတယ် ကျွန်တော်စမ်းသပ်ပြီး 100% အလုပ်လုပ်ပါတယ်... အားလုံးအဆင်ပြေကျပါစေ....

Sithu Myo ရဲ့ ပို့စ်ကို တိုက်ရိုက် Share ခြင်းဖြစ်ပါတယ်...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org