Monday, December 1, 2014

Photo: ဘက်ထရီသက်တမ်း ကြာရှည်ခံတဲ့ စမတ်ဖုန်းများ
==================================

အခုခေတ်မှာ စမတ်ဖုန်းတွေဟာ တွင်ကျယ်လာတဲ့အတွက် ရွေးချယ်စရာတွေ များပြားလာပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်းသုံးစွဲသူ အများစုအတွက် အဓိက ထားရွေးချယ်ကြတာကတော့ ဘက်ထရီသက်တမ်း ကြာရှည်ခံတဲ့ စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ထရီသက်တမ်း ကြာရှည်ခံတဲ့ စမတ်ဖုန်း အချို့ကို ဖော်ပြလိုက်ပါတယ်။

Motorola Droid Turbo

Motorola ရဲ့ Droid အမျိုးအစား စမတ်ဖုန်းတွေဟာ ဘက်ထရီသက်တမ်း အကောင်းမွန်ဆုံး ဖြစ်ပါတယ်။ Motorola Droid Turbo   မှာတော့ 3,900 mAh ဘက်ထရီကိုသုံးထားတဲ့အတွက် သက်တမ်းက ကြာရှည်ခံပါတယ်။ ဗီဒီယိုချည်းပဲ ကြည့်မယ်ဆိုရင်တောင် ၁၄ နာရီ နဲ့ ၄၃ မိနစ် အထိ အသုံးခံပါတယ်။ စကားပြောဖို့အတွက်ပဲ ဆိုရင်တော့ ၃၄ နာရီထီ ဘက်ထရီ အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၅၀ ဖြစ်ပါတယ်။

Samsung Galaxy S5

Samsung ဟာ Galaxy S5 ကို လိုလေသေးမရှိအောင် ထုတ်လုပ်ထားပါတယ်။ အကောင်းဆုံး ရုပ်ထွက် ၊ အမြန်ဆန်ဆုံး လုပ်ဆောင်ချက်တွေအပြင် ကြာရှည်ခံတဲ့ ဘက်ထရီကိုပါ အသုံးပြုပေးထားပါတယ်။ ဗီဒီယိုချည်းပဲ ကြည့်ဖို့အတွက် ၁၅ နာရီ ၁၈ မိနစ်အထိ အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ဖြစ်ပါတယ်။

LG G Vista

LG ရဲ့ G Vista ဟာ ဖုန်းအဖြစ်ရော တတ်ဘလက်အဖြစ်ပါ အသုံးပြုနိုင်တဲ့ Phablet တစ်မျိုးဖြစ်ပါတယ်။ G Vista ရဲ့ အတွင်းပိုင်းမှာတော့ ကောင်းမွန်တဲ့ ပစ္စည်းတွေ မပါဝင်ပါဘူး။ ဒါပေမယ့် ဘက်ထရီ သက်တမ်းကတော့ တော်တော်လေး အသုံးခံပါတယ်။ ဗီဒီယိုချည်းပဲ ကြည့်ဖို့ အတွက် အနည်းဆုံး ၁၄ နာရီကနေ ၁၇ နာရီ အထိ အသုံးခံပါတယ်။ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ၀န်းကျင်ရှိပါတယ်။ 

Nokia Lumia 1320

Window ဖုန်းတွေထဲမှာ အကောင်းဆုံး ဖုန်း တစ်လုံးဖြစ်ပါတယ်။ ၆ လက်မ ကျယ်ဝန်းတဲ့ မျက်နှာ ပြင် ပါရှိတဲ့အပြင် ဘက်ထရီသက်တမ်း ကလည်း အံ့မခန်းပါပဲ။ Lumia 1320 ဟာ စကားပြောဖို့ပဲ သုံးမယ်ဆိုရင် ၄၃ နာရီ နဲ့ ၁၀ မိနစ် အထိ အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ၀န်းကျင်ရှိပါတယ်။

ZTE ZMax

5.7 လက်မမျက်နှာပြင် ၊ 8 megapixel ရှိတဲ့ ကင်မရာနဲ့ 3400 mAh ဘက်ထရီတွေကိုသုံးထားတဲ့ ZTE ZMax ဟာ ZTE ရဲ့ အရွေးချယ်သင့်ဆုံး Phablet တစ်လုံးပါ။ ဗီဒီယို ပဲ ကြည့်နေမယ် ဆိုရင် တောင် ၁၆ နာရီ ၄၃ မိနစ် အထိ  ပြသနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိပဲ အသုံးခံမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ပဲ ဖြစ်ပါတယ်။

Samsung Galaxy Note 3

ဘက်ထရီ သက်တမ်းကောင်းမွန်တဲ့ စမတ်ဖုန်းတွေ အကြောင်းပြောမယ်ဆိုရင် Samsung ရဲ့ Galaxy Note တွေကို မေ့ထားလို့မရပါဘူး။ အကောင်းမွန်ဆုံး ဆော့ဖ်ဝဲလ်တွေနဲ့ စမတ် S pen တို့ဟာ သုံးစွဲသူတွေ သဘောကျတဲ့ ပါဝင်မှုတွေပါ။ သူ့ရဲ့ ဘက်ထရီသက်တမ်းကတော့ ဗီဒီယိုချည်းပဲ ကြည့်နေမယ်ဆိုရင်တောင် ၁၅ နာရီ အထိ အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၅၀ ဖြစ်ပါတယ်။

Huawie Ascend Mate 2 4G

Ascend Mate 2 4G ဆိုတဲ့ နာမည်ဟာ ခေါ်ဝေါ်ရတာ တစ်မျိုးကြီးဖြစ်နေပေမယ့်လည်း သူ့ရဲ့ ဘက်ထရီကတော့ အကောင်းဆုံး အနေအထားမှာရှိနေပါတယ်။ ဗီဒီယိုချည်းပဲ ကြည့်နေမယ်ဆိုရင်တောင် ၂၅ နာရီ ၅၄ မိနစ် ထိ အသုံးခံတဲ့အတွက် သက်တမ်းကြာရှည် အခံဆုံး စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ၀န်းကျင်ရှိပါတယ်။ 

Credit: Trend Myanmar

Ref: Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
www.pyaephyo.com