1. ကိုယ့်ရဲ့ Data တွေကို Backup လုပ်ပါ..
Back up your data
( ဒါမှ အခြားဖုန်းတစ်လုံးကို ကိုယ်ဝယ်တဲ့အခါ ကိုယ့် Data တွေကို ပြန်ထည့်နိုင်မယ်. ဒါမှမဟုတ် ကိုယ့် Data တွေကို ပြန်လိုချင်တဲ့အခါ ပြန်ရနိုင်ပါမယ်. )
2. Wireless နဲ့ ချိတ်ဆက်ထားမိခဲ့တဲ့ Wi-Fi တို့လို ချိတ်ဆက်မှုတွေကို ဖျက်ပစ်ပါ. ဒါမှမဟုတ် Deactivate လုပ်ပစ်ပါ.
Delete and deactivate your phone from your wireless carrier
( ဒါကတော့ ကိုယ့်ရဲ့ လုံခြုံရေးဆိုင်ရာ ချိတ်ဆက်မှုတွေကို ဖုန်းဝယ်သွားသူ ရမသွားစေဖို့ပါ )
3. SIM Card နဲ့ Memory Card ကိုဖြုတ်ပါ။
Remove SIM and memory cards
( Memory Card ထဲမှာ ကိုယ့်အရေးကြီးအချက်အလက်တွေ၊ ကိုယ်နှစ်သက်တာတွေကို မှတ်သားထားမှာဖြစ်ပါတယ်.. Memory ကိုတော့ ရောင်းတဲ့ထဲ မထည့်စေချင်ပါဘူး.. Memory Card ထဲက Data ကိုဖျက်ပစ်လို့ရတယ်ဆိုပေမယ့် Recover ပြန်လုပ်ပြီး ဖုန်းဝယ်သူက ကိုယ့်အချက်အလက်တွေကို ရယူသွားနိုင်တယ်ဆိုတာ သတိထားရပါမယ်.. SIM Card ကတော့ ကိုယ်အမြဲကိုင်ထားတဲ့ဖုန်းနံပတ်ဖြစ်လို့ တကယ်လို့ SIM ပါ မရောင်းဘဲ မေ့ပြီးပါသွားနိုင်လို့ပါ. )
4. ဖုန်းကို Factory Reset ချပါ..
Encrypt and Then Factory data reset your device
( ဒါမှ ကိုယ်ဝင်ထားတဲ့ Facebook Account, Google Account စတဲ့ အရေးကြီး အကောင့်တွေနဲ့ ကိုယ်သုံးနေကျ App တွေရဲ့ Data တွေကျန်မနေခဲ့ဖို့ပါ.. )
5. ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Spare Accessory တွေကို ဖြုတ်ပါ.
Remove any spare accessories or include them
( ဒါကတော့ ဖုန်းမှာပါတဲ့ အားသွင်းစက်, Earphone လိုဟာမျိုး အပြင် အခြား ဆက်စပ်ပစ္စည်းတွေ ဝယ်ထားပြီး ဝယ်သူကို မပေးချင်ရင် ပြုလုပ်ရမယ့် အချက်ပါ. )
6. ဖုန်းကို Battery အားဖြည့်ပါ..
Charge it
( ဒါမှ ကိုယ့်ဖုန်းရဲ့လုပ်ဆောင်ချက်တွေ မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်နေမှာဖြစ်ပြီး ဝယ်ယူသူကလည်း ဘက်ထရီအားကောင်းကောင်းနဲ့ ကျေနပ်မှု ရရှိစေမှာပါ. )
7. ဖုန်းကို သန့်ရှင်းရေးလုပ်ပါ..
Clean your device
( ကိုယ် ပေပေတေတေ ကိုင်ခဲ့သမျကို ဖုန်းဝယ်သူက ကျေနပ်မှုရစေမှာမဟုတ်ပါဘူး.. ကိုယ့်ဖုန်းလေး ရုပ်ထွက်ကောင်းအောင် သန့်ရှင်းရေး လုပ်လိုက်တော့ ဈေးနှိမ်ချင်တဲ့ တစ်ဖက်လူကိုလည်း ကျေနပ်သွားစေမှာဖြစ်ပါတယ်..
ဒါဟာ လူတိုင်းသိနိုင်တဲ့အချက်တွေဖြစ်ပေမယ့် ဖုန်းရောင်းသူတွေဟာ ဒီအချက်တွေကို သတိမထားမိဘဲ ရောင်းနေကြပြီး ကိုယ့်ရဲ့ အချက်အလက်တွေ မသမာသူဆီရောက်သွားရင် ဒုက္ခရောက်နိုင်တယ်ဆိုတဲ့ အချက်ကို မေ့နေကြပါတယ်.. ဒါကြောင့် ဖုန်းတစ်လုံး မရောင်းခင် သတိထားပြီး ကျွန်တော် ပြောပြခဲ့တဲ့ အချက်အလက်တွေကို ပြုလုပ်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်...

အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ