Thursday, December 4, 2014



Aung Ko Htet (Myanmar IT Knowledge)

Oxford Advanced Learner's Dictionary ဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့ သူမရှိလောက်ဖူးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စာကို လေ့လာနေကြတဲ့ လူတိုင်းဟာ Dictionary ကောင်းကောင်းဆိုရင် Oxford Advanced Learner's Dictionary ကို အသုံးပြုနေကြလို့ပါပဲ။ Oxford Advanced Learner's Dictionary ကို Offline အနေနဲ့ အသုံးပြုနိုင်အောင် စာအုပ်များ ၊ Online တွင် အသုံးပြုနိုင်စေရန်အတွက် Oxford Advanced Learner's ရဲ့ Website ဖြစ်တဲ့ http://www.oxfordlearnersdictionaries.com/definition/english တို့တွင်လေ့လာနိုင်သလို Offline အနေဖြင့် ကွန်ပျူတာတွင် အသုံးပြုနိုင်အောင် install လုပ်ဖို့အတွက် နည်းလမ်းလေးတစ်ခုကို လေ့လာသူတို့ သိရှိနိုင်အောင်မျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ Oxford Advanced Learner's Dictionary ကို ဒီနေရာမှာ Download လုပ်ပါ။

Download လုပ်ပြီးသွားတဲ့ နောက်မှာတော့ ရရှိလာတဲ့ Rar ဖိုင်ကို ဖြည်လိုက်တဲ့ အခါ .ISO file လေးနဲ့ Crack file လေးတစ်ဖိုင်ကို တွေ့ရပါလိမ့်မယ်။ ပုံမှန်အတိုင်းဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ exe File ကို Double Click နှိပ်ပြီး install လုပ်လိုက်တာနဲ့ အသုံးပြုလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီ Dictionary မှာတော့ အလွယ်တကူ install မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရရှိထားတဲ့ File ဟာ .ISO File ဖြစ်နေတဲ့အတွက်ကြောင့်ပါ။



ဒါကြောင့်ကျွန်တော်တို့ဟာ ရရှိလာတဲ့ .ISO File ကို install လုပ်ဖို့အတွက် Virtual Drive ဖြင့် image ရိုက်ရပါတယ်။ ဒီလို image ရိုက်ဖို့အတွက် လိုအပ်တဲ့ software ကို http://www.slysoft.com/en/download.html  ဒီ Website မှာသွားရောက်၍ download လုပ်နိုင်ပါတယ်။

ကျွန်တော်တို့လိုအပ်တဲ့ Software ဟာ Virtual Clone Drive ဖြစ်တာကြောင့် Virtual CloneDrive ဆိုတဲ့ Software ကို download လုပ်ပါ။ ပြီးတဲ့နောက်မှာ install လုပ်ပါ။ Install လုပ်ပြီးတဲ့အခါ ကျွန်တော်တို့ဟာ Virtual Drive တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။ ရရှိလာတဲ့ Virtual Drive Mount လုပ်ပေးရပါတယ်။



Mount လုပ်ဖို့အတွက် Virtual Drive ကို Right Click နှိပ်ပြီး Virtual Clone Drive ကိုရွေးကာ Mount ကိုရွေးပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ သင့်ရဲ့ .ISO File ကိုရွေးပြီး image ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီလို Image ရိုက်ပြီးတဲ့အခါမှာတော့ OALD ရဲ့ File နဲ့ Setup file လေးတစ် file ကို တွေ့ရမှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ Setup File ကို Double Click နှိပ်ပြီး Run လိုက်ရင် သင့်ရဲ့ Oxford Advanced Learner's Dictionary ကို စတင်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးဟာ စာဖတ်သူ၊ လေ့လာသူတို့အနေနဲ့ အင်္ဂလိပ်စာ လေ့လာနေတယ်ဆိုရင် မိမိကွန်ပျူတာမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Dictionary Software ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းလေးကို ရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီလို နည်းလမ်းကို သိသွားရင်တော့ မိတ်ဆွေတို့အနေနဲ့ Oxford Advanced Learner's Dictionary ကို အလွယ်တကူ အသုံးပြုနိုင်ပါပြီ။

အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet (www.mmitknowledge.com)