Monday, November 17, 2014

Photo: လက်ဗွေစနစ် ပါဝင်သည့် Samsung Galaxy Alpha

နည်းပညာမြင့် စမတ်ဖုန်း တစ်လုံးဖြစ်သည့် Samsung Galaxy Alpha သည် လက်ဗွေစနစ် ပါဝင်သဖြင့် ဖုန်း လုံခြုံရေးအတွက် ပြည့်စုံ ကောင်းမွန်သည့် အပြင် Multi Windows စနစ်နှင့် ကျန်းမာရေး အထောက် အကူပြု Sensor စနစ်များ ပါဝင်ကြောင်း သိရသည်။

ဒီဇိုင်းပိုင်းတွင် ကြည့်ပါက Galaxy Alpha သည် လေးထောင့် ဆန်ဆန် ပုံစံမျိုးဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၄ ဒသမ ၇ လက်မရှိကာ ဖုန်း၏ ထုထည်မှာ သုည ဒသမ ၆၇ စင်တီမီတာသာ ရှိသည့်အတွက် ပါးလွှာသည့် ကိုယ်ထည်တစ်ခု ဖြစ်သည့်အပြင် အလေးချိန် ပေါ့ပါးသည့် အတွက် သယ်ဆောင် အသုံးပြုချိန်မှာ သက်သောင့်သက်သာ ရှိစေမည် ဖြစ်သည်။

Quad- Core 1.8GHz CPU နှင့် Quad-Core 1.3GHz CPU များကို အသုံးပြုထားပြီး Graphic အတွက် Mali-T628 MP6 GPU ကို ထည့်သွင်း ပေးထားသည်။ Screen မှာ Super AMOLED Screen ဖြစ်ပြီး Graphic GPU ပါဝင်သဖြင့် ရုပ်ထွက် ကောင်းမွန်ကြောင်း သိရသည်။ Internal Memory 32 GB ပါဝင်ပြီး Micro SD Card Slot ပါဝင်ခြင်း မရှိဘဲ ရှေ့ကင်မရာ 2.1 Mega Pixel နှင့် နောက်ကင်မရာ 12 Mega Pixel တပ်ဆင်ထားကာ RAM 2GB RAM ထည့်သွင်း ထားသည်။ 2G/3G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည့် Nano Sim ဖုန်းအမျိုးအစား ဖြစ်ပြီး 1860 mAh Li-ion ဘက်ထရီ အမျိုးအစားဖြစ်ရာ စမတ်ဖုန်း အတွက် ဘက်ထရီ ပါဝါ အားနည်းသော်လည်း ဖုန်းမှာ Power Saving ပါဝင်သဖြင့် အဆင်ပြေစေမည် ဖြစ်ကြောင်း သိရသည်။

Credit: မြ၀တီနည်းပညာ