Monday, November 17, 2014

Price : Free
Hook Pro ဆိုသည့် ဂိမ်းသည် Dota Hero ဖြစ်သည့် Pudge က တောလမ်းအတွင်း သွားနေသည့် အခြားသော Hero များကို ချိတ်ဖြင့် ဆွဲ၍ဖမ်းဆီးကာ မိမိ စခန်းနေရာသို့မရောက်အောင် ကာကွယ်ရသည့်ဂိမ်း တစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် Pudge နေရာမှ ကစားရမည်ဖြစ်ပြီး Spell ကိုလည်း လေးမျိုးပေးထားသည်။ အချိန်ကြာလာသည်နှင့်အမျှ ထွက်လာသည့် Hero များမှာ လမ်းလျှောက်သည့်အချိန် မြန်လာပြီး၊ Hook ကို မြန်မြန်ဆန်ဆန်နှင့် တိတိကျကျ ဆွဲနိုင်ရန်ဆော့ကစားရမည်ဖြစ်သည်။
အဆိုပါ ဂိမ်းကို အခမဲ့ Download လုပ်ယူနိုင်မည်ဖြစ်ပြီး၊ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 21 MB ခန့်ရှိမည်ဖြစ်သည်။ Android Version 2.3 နှင့်အထက် တွင်ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားလည်း ဖြစ်သည်။

Download ကို http://goo.gl/2m0fcf ၌ရယူနိုင်ပါသည်။




Credit: Internet Journal