Thursday, November 13, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းများ ပုံမှန်ပြန်လည် ဆက်သွယ် နိုင်ပြီ ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းများ ပုံမှန်ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာသည်။


နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင်း နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းတိုင်များ ကျိုးပျက် ခဲ့ရပြီး အဆိုပါတိုင်များတွင် သွယ်တန်းထားရှိသည့် ကောင်းကင် တယ်လီဖုန်း ကေဘယ်လ်ကြိုးများ၊ ကောင်းကင် ဖိုက်ဘာကေဘယ်လ်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ ပုံမှန်ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။


ဖိုက်ဘာကေဘယ်လ်များ ချို့ယွင်းမှုကြောင့် ကနဦးဖြစ်ပွားချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း မိုဘိုင်းစခန်း ၃၅ခုနှင့် တောင်ပိုင်းခရိုင်အတွင်း မိုဘိုင်းစခန်း ၁၉ ခု၊ စုစုပေါင်း စခန်း ၅၄ ခု ဆက်သွယ် မှု ပြတ်တောက်ခဲ့ရကြောင်း၊ နိုဝင်ဘာလ ၉ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းများ ပုံမှန်ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။