Wednesday, November 19, 2014






ခုနောက်ပိုင်း ထွက်ရှိလာတဲ့ Huawei ဖုန်းတွေမှာ Root လုပ်ဖို့ အတွတ်
BoodLoader Unlock လုပ်ဖို့ လိုလာကျပါတယ်။တစ်ခုပြသနာတတ်တာက
Huawei ရဲ့တရားဝင် BoodLoader Unlock ၀ဘ်ဆိုဒ်မှာမိမိ BoodLoader Unlock
လုပ်မဲ့ ဖုန်းအမျိုးစားမပါလို့ တိုင်ပတ်နေကြတဲ့ မိတ်ဆွေတွေအဆင်ပြေအောင်
မိမိဖုန်းရဲ့ Model ကို အဲဒီ webPage မှာထည့်သွင်းတဲ့နည်းလေးပြောပြသွား
မှာဖြစ်ပါတယ်။
ပထမဆုံးပုံမှန်အတိုင်ပဲ BoodLoader Unlock လုပ်မဲ့ဆိုဒ်ကိုသွားလိုက်ပါ.
အောက်မှာ အင်္ဂလိပ်ဆိုဒ်လိပ်စာရော တရုတ်ဆိုဒ်လိပ်စာပါ ရေးပေးထားပါတယ်။

China >>> http://www.emui.com/plugin.php?id=unlock&mod=detail
English >>> http://en.club.vmall.com/emotiondownload.php…
ပထမဆုံး ပုံမှန်အတိုင်းပဲ Product type မှာ Smartphone ကိုရွေးပေးပါ
ဒုတိယ စာကြောင်း Product Model အကွက်မှာ မျှားလေးကိုကလစ်ပေးပြီး
ပေါ်လာတဲ့ Huawei Phone Model တွေထဲမှ နှစ်သက်ရာရွေးပြီ Right Click
ထောက်ပြီးပုံ(1) မှာပြထားတဲ့အတိုင်း Inspect Element(Q) ကိုရွေးပေးလိုက်
ပါ။ဒါဆိုရင် WebPage အောက်နားမှာ web HTML code တွေပြတဲ့ဇယားကွက်
ပေါ်လာပါလိမ့်မယ် ဒါဆိုရင် ပုံ(2) မှာပြထားတဲ့အတိုင်း နှစ်သက်ရာစာကြောင်း
တစ်ကြောင်းပေါ်မှာ Right Click ထောက်ပြီးအပေါ်ဆုံးက Edit As HTML ကို
ရွေးပေးလိုက်ပါ။ပြီးရင်တော့ ပုံ(3) အတိုင်း အကွက်လေးထဲမှစာကြောင်းကို
Select ပေးပြီး Ctrl+C အသုံးပြုပြီး Copy ယူလိုက်ပါ။ပြီးရင် အဲဒီစာကြောင်းအောက်
မှာပဲ mouse cursors ချပြီး Ctrl+V အသုံးပြုပြီး Paste ပြန်လုပ်လိုက်ပါ။
မိမိ Paste လုပ်ထားတဲ့စာကြောင်းထဲမှ အနီရောင် စာသား Huawei C8812 ဆိုရင်
မိမိလုပ်မဲ့ Phone ရဲ့Model ဥပမာ Huawei Y330-C00 လို့ ပြင်ရေးလိုက်ပါ.
ပြီးရင်အဲဒီနားက ဥပမာHuawei C8812 ဆိုရင် Huawei Y330-C00 လို့ ထပ်ပြင်လိုက်ပါ။
ပုံ(4) မှာပြထားတဲ့အတိုင်းပါ။ပြီးရင်တော့ HTML အကွက်ကိုပိတ်လိုက်ပါ။
ဒါဆိုရင်တော့ Product model အကွက်မျှားကိုကလစ်လိုက်တာနဲ့ မိမိဖုန်း
Model ပါလာတာကိုဝမ်းမြောက်စွာတွေ့ရပါလိမ့်မယ်။ကျန်တာကတော့အရင် Unlock
လုပ်တဲ့အဆင့်အတိုင်းပြုလုပ်ပေးလိုက်ပါ။ Huawei Y330-C00 တစ်လုံးအထက်ပါ
နည်းအတိုင်းလုပ်ပြီးတောင်းကြည့်တာအဆင်ပြေပါတယ်။
ခုနည်းကိုသိပြီးသားဆိုရင် ကျော်သွားလိုက်ပါ။မသိဘူး ဖတ်ပြီးမှနှစ်သက်တယ်ဆိုရင်
Share ပေးခဲ့ပါအုန်းမိတ်ဆွေ။ ကျွန်တော်မော်လမြိုင်က မောင်သု ပါ။
Speical Thanks >>>>>> Myo TayZa
Credit to >>>>>> XDA Forum