Thursday, July 16, 2015


Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများအတွက် ငွေလက်ကျန်မရှိသည့်အခါ ကြိုသုံးချေငွေအဖြစ် ၇၀၀ ကျပ် ချေးယူနိုင်ရန် စတင်ခွင့်ပြုလိုက်သည်ဟု သိရသည်။

ယခင်က ၅၀၀ ကျပ်သာ ကြိုသုံးချေးငွေ အဖြစ် ပေးအပ်ခဲ့သော်လည်း စက်တင်ဘာလ ၃၀ ရက်အထိ ကြိုသုံးချေးငွေကို ၇၀၀ ကျပ်အထိ တိုးမြှင့်ပေး အပ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ကြိုသုံးချေးငွေအတွက် ၀န်ဆောင်ခ ၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသော်လည်း ကန့်သတ်ကာလအတွင်း ကြိုသုံးချေးငွေ ၇၀၀ ကျပ် ရယူအသုံးပြုပါက ၀န်ဆောင်ခကို ၂၅ ကျပ်အဖြစ် ပြောင်းလဲကောက်ခံမည်ဟု Telenor က ကြေညာထားသည်။

ကြိုသုံးချေးငွေ ရယူအသုံးပြုသူများသည် ဘီလ်ပြန်လည်ဖြည့်သွင်းသည့် အခါ ချေးငွေပြန်လည် ဖြတ်တောက် ခံရမည်ဖြစ်ပြီး အဆိုပါ ကြိုသုံးချေးငွေကို ရယူအသုံးပြုလိုပါက *500# ဟု ရိုက်နှိပ်ခေါ်ဆိုရမည်ဟု သိရသည်။

ကြိုသုံးငွေကို စစ်ဆေးရန် *124*1# ကိုနှိပ်၍ စစ်ဆေးနိုင်ပြီး ကြိုတင်ချေးငွေဖြင့် ငွေလက်ကျန် လွှဲပြောင်းခြင်းမှလွဲ၍ အခြားသော Telenor ၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ ကြိုသုံးချေးငွေ၏ အသုံးပြုခွင့် သက်တမ်းမှာ ၃၀ ရက် ဖြစ်သည်။

Credit to ==> Internet Journal