Monday, July 13, 2015
G730-U00,G730-U30,G730-C00 မော်ဒယ်များအတွက် touch solution လေးတွေပါ။
G730 တွေဟာ touch error အဖြစ်များဆုံး မော်ဒယ်တွေလို့ ပြောလို့ ရပါတယ်။ တစ်ခုနဲ့ တစ်ခု
အသုံးပြုထားတဲ့ CPU,PMU တွေမတူသလို touch တွေလဲမကိုက်ညီတာတွေ့ ရပါတယ်။ 
solution ဆိုပေမယ့် တစ်ခုခြင်းစီ ခွဲလေ့လာလို့ မလွယ်ပါဘူး။အားလုံးခြုံငုံပြီးပြောပြပါ့မယ်။
MTK ဖြစ်တဲ့ G730-U00 မှာ touch အတွက်လိုအပ်တဲ့ vdd ဗို့ တွေကို ပါဝါအိုင်စီဖြစ်တဲ့
PM6323 ရဲ့ အောက်ခြေကနေ တိုက်ရိုက်ပေးပို့ ထားပါတယ်။ဒီမော်ဒယ်တွေမှာ vdd 2.8v ပျောက်တာအဖြစ်များပါတယ်။
အခြားနေရာကကြိုးကျော်ရင်လဲမ ရတာများပါတယ်။အဲလိုဖြစ်ရင်
ပါဝါအိုင်စီခဲလှာင်းပြန်ကပ်တာ၊အသစ်လဲတာတို့ လုပ်ပေးရပါတယ်။အခြား wifi,bluetooth,
အပိုင်းတွေကိုင်စရာမလိုပါဘူး။proximity sensor ပိုင်းတော့စစ်ပေးဖို့ လိုပါတယ်။ဆော့ကက်အထိုင်ပင်လေးတွေထိမထိ ၊
components လေးတွေစုံမစုံစစ်ရပါတယ်။
touch ကိုလဲအမျိုးအစားတူ တဲ့ဟာနဲ့ လဲကြည့်သင့်ပါတယ်။
G730-U30 တွေမှာတော့ MSM 8212,PMU8110 နဲ့ တည်ဆောက်ထားပါတယ်။ touch အတွက်လိုအပ်တဲ့ vdd ဗို
ဒီအပိုင်းမှာလဲရှုပ်ထွေးမှုသိပ်မရှိပါဘူး။U30 Touch မှန်နဲ့ စမ်းကြည့်ဖို့ တော့လိုပါတယ်။
components လေးတွေစုံမယ် ၊ဗို့ တွေစုံမယ်ဆိုရင် အဆင်ပြေတာများပါတယ်။
G730-C00 တွေမှာတော့ touch ကိုဗို့ ပေးတဲ့အပိုင်းအနဲငယ်ကွဲသွားပါတယ်။
PM8029 ရဲ့  vreg လမ်းကြောင်းတစ်ခုကနေ vdd 2.8v ကိုတိုက်ရိုက်ပေးထားပြီး၊vdd1.7v ကိုတော့
ပုံမှာပြထားတဲ့အတိုင်း gate အိုင်စီလေးတစ်လုံးခံပြီးပေးပို့ ထားတာတွေ့၇ပါတယ်။
ဒီမော်ဒယ်တွေမှာ vdd1.7v ပျောက်တာများပါတယ်။ ရေ၀င်တဲ့ဖုန်းတွေမှာ gate အိုင်စီ ပတ်လမ်းအောက်မှာ 
ပင်လေးတွေပြတ်နေတတ်ပါတယ်။TP-3 နေရာလေးကို vdd 1.7v ရောက်ဖို့ လိုအပ်ပါတယ်။ အဲဒီဗို့ ကိုတော့ PM8029 ရဲ့  
အထွက်ကွိုင်လေးတစ်လုံးကနေပေးပို့ ထားပါတယ်။
နောက်ပြီး touch ရဲ့ I2C လမ်းကြောင်းတွေဟာ flash မီးအိုင်စီ နဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့အတွက် touch မရရင် flash 
မီးအိုင်စီကို ဖြုတ်ကြည့်ဖို့ လိုပါတယ်။
proximity sensor,wifi,bluetooth အပိုင်းတွေနဲ့ လဲဆက်စပ်နေပါတယ်။ပုံလေးတွေကိုလေ့လာကြည့်ပါ။
အားလုံးအဆင်ပြေကြပါစေ။