Pages - Menu

Pages - Menu

Sunday, June 28, 2015

♪ တစ်ကမ္ဘာလုံး အခမဲ့ Wifi သုံးနိုင်မယ့် Google ရဲ့ စီမံကိန်း နယူးယောက်ကနေစပြီ ♫



အားလုံးစုပြုံ ၀ိုင်းသုံးနေကြပြီး ဖြူကာပြာကာကျနေတဲ့ အင်တာနက်လိုင်းတစ်ခုကို သုံးရဖို့အတွက် ဈေးတင် ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော်တို့ ၀ယ်သောက်စရာမလိုတော့မယ့်အချိန် သိပ်မကြာခင် ရောက်လာ ပါတော့မယ်။

ဘာ့ကြောင့်လည်းဆိုတော့ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်သွားမယ့် ဂူးဂဲလ်ရဲ့ အခမဲ့ ၀ိုင်ဖိုင်လိုင်း အစမ်း ထုတ်လွှင့်မှုကို နယူးယောက်မြို့မှာမကြာခင် စတင်မှာကြောင့်ပဲ ဖြစ်ပါတယ်။

Sidewalk Labs လို့ခေါ်တဲ့ ဒီအစီအစဉ်ကို အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ ဂူးဂဲလ်က နှစ်မြှုပ် လုပ်ကိုင်နေတာ တော်တော်ကြာပါပြီ။

ဘယ်လိုလဲဆိုတော့ ဂူးဂဲလ်ဟာ ရှေးဟောင်း လမ်းဘေးဖုန်းရုံတွေကို “Wi-Fi pylons” ဆိုတဲ့ ကြော်ညာတွေ ကပ်ပြီး ဒီဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။

ဒီပြောင်းလဲထားတဲ့ ဖုန်းရုံတွေမှာ ဖုန်းအားသွင်းတာ၊ ပြည်တွင်းဖုန်း အလကားခေါ်တာတွေ လည်း ဆောင်ရွက်လို့ရပြီး မြို့အကြောင်းနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အချက်အလက်တွေကို ကြည့်ရှုနိုင်မယ့် touch screen တစ်ခုကိုလည်း ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။

Bloomberg သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ အဲဒီ pylon တွေဟာ နယူးယောက်မြို့တစ်ဝှမ်း ဒီနှစ်ဆောင်းဦးမှာ ရောက်လာမယ်လို့ ဆိုပါတယ်။

Ref: Metro
Credit- M media group myanmar