Pages - Menu

Pages - Menu

Friday, June 26, 2015

≡≡ PlayStation 4 ဂိမ်းများအား stream ပြုလုပ်၍ ကစားနိုင်မည့် Xperia Z4v ကို Sony မိတ်ဆက် ≡≡


Sony သည် PlayStation 4 ဂိမ်းများကို stream ပြုလုပ်ကာ အဝေးမှနေ၍ ကစားနိုင်သော Xperia Z4v စမတ်ဖုန်းအား အမေရိကန်ဈေးကွက်သို့ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
Sony သည် ပြီးခဲ့သည့် တနလာင်္နေ့က ပြုလုပ်ခဲ့သော E3 ဗွီဒီယိုဂိမ်း ကွန်ဖရင့်၌ Xperia Z4v ကို မိတ်ဆက်ခဲ့သေးသည်။ ထို့အပြင် Sony အနေဖြင့် PlayStaion ဂိမ်းများ ကစားနိုင်သော Xperia Z3v စမတ်ဖုန်းကိုလည်း ပြပွဲ၌ မိတ်ဆက်ခဲ့သည်။ Sony ၏နောက်ဆုံးပေါ် Z4v စမတ် ဖုန်းတွင် ကျောဘက်ကင်မရာ 20.7 megapixel မှ အရောင်အလွန် တောက်ပသော display အထိ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည်။ Sony အနေဖြင့် ၎င်း၏မိုဘိုင်းလုပ်ငန်းကို ပိတ်သိမ်းမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ခန့်မှန်းချက်များ မကြာခဏ ထွက်ပေါ်လျက်ရှိသည်။
သို့ရာတွင် Sony ၏အမှုဆောင် အရာရှိချုပ် ကတ်ဇ်ဟီရိုင်က မတ်လတွင် ပြုလုပ်ခဲ့သည့် Mobile World Congress တွင် ကုမ္ပဏီ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို အတည်ပြုပြောဆိုခဲ့သည်။ Sony မိုဘိုင်းဌာနခွဲသည် စီးပွားရေးအရ ရုန်းကန်လျက်ရှိပြီး မတ်လ ၃၁ ရက်တွင် အဆုံးသတ်ခဲ့သော ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ ၁၁ ရာခိုင်နှုန်း တိုးတက်လာသော်လည်း ကန်ဒေါ်လာ ၁.၈၄ ဘီလီယံ အရှုံးပေါ်ခဲ့သည်။

Ref: CNET
Internet Journal