Pages - Menu

Pages - Menu

Wednesday, April 22, 2015

SM-G9250 Samsung Galaxy S6 Edge ရဲ့ Root File











အားလုံးပဲမင်္ဂလာပါဗျာ…..
ဒီတစ်ခါလည်း Samsung ဖုန်းတွေအထဲမှာမှ နောက်ဆုံးထွက်ရှိထားတယ်လို့ဆိုလို့ရတဲ့ Samsung Galaxy S6 Edge SM-G9250 ကို Root ဖောက်မယ့်ပုံစံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ SM-G9250 Samsung Galaxy S6 Edge ကို Odin အသုံးပြုပြီး Root ဖောက်သွားမှာပါ။ အရင်ဦးဆုံးတော့ အောက်ကလင့်တွေမှာ လိုအပ်တဲ့ Root File တွေ၊ Samsung USB Driver တွေကိုဒေါင်းထားပါ။
Samsung USB Driver
http://www.mediafire.com/…/a4hd8y0c1iakysk/Samsung-Usb-Driv…
Root File
http://www.mediafire.com/…/t2vzlv98dencl…/SM-G9250-5.0.2.zip
ဒေါင်းပြီးလျှင် ရလာတဲ့ ဖိုင်တွေကို Desktop မှာ zip ဖြည်ပါ။
ပြီးလျှင် Samsung USB Driver ကို Install လုပ်ပါ။ Samsung USB Driver ကို Install လုပ်ပြီးပြီဆိုရင် Root ဖောက်ဖို့အတွက်ပြင်ဆင်စရာရှိတာတွေ ဆက်လုပ်ပါမယ်။ Root ဖောက်မယ့် Samsung Galaxy S6 Edge ထဲမှာ ရှိတဲ့ အရေးကြီး Data တွေကို backup ယူထားပါ။ သတိဆိုတာပိုတယ်မရှိဘူးပေါ့ဗျာ။
Backup လဲယူထားပြီးပြီ ဆိုရင် ဖုန်းကို Power ပိတ်လိုက်ပါ။
(မှတ်ချက် ။ ။ ဖုန်းကို အနည်းဆုံး ဘက်ထရီ ၆၀% လောက်ထားရှိရပါမယ်။)
ဘက်ထရီချွတ်ပြီ ၅ စက္ကန့်လောက်ထားပါ။ ပြန်တပ်ပြီး Download Mode ခေါ်ရပါမယ်။ Download Mode ခေါ်ဖို့အတွက် Power + Volume Down + Home Key ကို ၅ စက္ကန့်လောက် တွဲနှိပ်ထားပါ။ Warning လို့ပေါ်လာရင် Vol Up ကိုနှိပ်လိုက်ပါ။ ဒါဆို Download mode ထဲဝင်သွားပါပြီ….
ဖုန်းအပိုင်းတော့ပြီးသွားပြီ ကျွန်တော်တို့တွေ Computer ဘက်ကိုသွားပြီး စောစောက Zip ဖြည်ထားတဲ့ အထဲမှာ Odin3 ဆိုတဲ့ exe ဖိုင်ကို run လိုက်ပါ။
Odin ကို run ပြီးရင်ဖုန်းမှာ Download Mode ၀င်ထားတဲ့အခြေအနေနဲ့ USB ကြိုးထိုးလိုက်ပါ။
OK Odin software ကိုတစ်ချက်ကြည့်ရအောင်…
Odin ရဲ့ ဘယ်ဘက်အောက်နားမှာ Added လို့ပေါ်လာမယ်။ နောက် COM Port မှာ အပြာရောင်တတ်လာရင် ဒါ Device ချိတ်မှုအောင်မြင်ပါတယ်။
Device လဲချိတ်ဆက်တာပြီးသွားပြီဆိုတော့ Root ဖိုင်ထည့်ဖို့ပဲလိုတော့တယ်။ Root ဖိုင်ထည့်ဖို့အတွက် Odin ထဲမှာ PDA ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။
Browse တစ်ခုကျလာရင် Desktop မှာ zip ဖြည်ထားတဲ့ Folder ထဲမှာ .tar.md5 (သို့) .tar file ကိုရွေးချယ်ပေးလိုက်ပါ။ ဖိုင်တွေထည့်တာလည်းပြီးပြီဆိုရင် Start Button ကိုနှိပ်ပြီးစတင်လိုက်ပါ။ ဒါဆို Root စဖောက်နေပါပြီ….
Odin မှာ Pass လိုပေါ်လာရင် ဖုန်းက reboot Automatically ဖြစ်သွားပါလိမ့်မယ်။ အဲဒီအချိန်မှာ ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကို ဖြုတ်လိုက်ပါ။
Reboot ပြန်တက်လာပြီးဆိုရင် Samsung Galaxy S6 Edge ထဲမှာ Super Su app သာတွေ့ပြီးဆိုရင် ကျွန်တော်တို့ရဲ့ Root ဖောက်တဲ့လုပ်ငန်းဟာအောင်မြင်သွားပါပြီ။
အောက်ကလင့်မှာ Root Checker Software ကို ဒေါင်းပြီး စစ်ကြည့်လို့ရပါတယ်။
https://play.google.com/store/apps/details…
အားလုံးအဆင်ပြေကြပါစေ….
နှစ်သစ်မှာ အရာအားလုံးကိုကျော်လွှားနိုင်ပြီး အောင်မြင်တဲ့သူတွေဖြစ်ကြပါစေဗျာ…..
PDF File ဖြင့်လိုချင်သူများအတွက်...
http://www.mediafire.com/…/99wts…/Samsung_Galaxy_S6_Edge.pdf

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း