Pages - Menu

Pages - Menu

Wednesday, April 22, 2015

Facebook က အနီးအနားမှ Events များအတွက် Notification များ ပြသမည်

Facebook က သင်နှစ်သက်သော Brand, Musician, Page များက သင်၏ အနီးအနားတွင် Event ပြုလုပ်သည့်အချိန်တွင် Notification များရယူနိုင်ရန် ခလုတ်တစ်ခုကို ထည့်သွင်းပေးမည် ဖြစ်သည်။
Events Dashboard တွင် ကဏ္ဍအသစ်တစ်ခု ပါရှိလာမည် ဖြစ်ပြီး Notification များ ရယူနိုင်ရန် Page များကို Subscribe ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ Page များက သင်၏ အနီးအနားတွင် Event များ ပြုလုပ်သည့်အချိန်တွင် Facebook က သင့်ထံ Notification ပေးပို့မည် ဖြစ်သည်။
Techcrunch ၏ အဆိုအရ ခလုတ် အသစ် တစ်ခုကိုလည်း Page များရှိ Like Button ၏ ဘေးဘက်တွင် ထည့်သွင်းပေးမည် ဖြစ်သည်။ ထိုမှတစ်ဆင့် Notification များကို Sign Up ပြုလုပ်နိုင်ပါသည်။ ခလုတ်အသစ်သည် Facebook က ယခုနှစ်အစောပိုင်းတွင် ထည့်သွင်းပေးခဲ့သော “ Call to Action “ ခလုတ်ကဲ့သို့ ပုံသဏ္ဍာန်ရှိမည် ဖြစ်သည်။
ခလုတ်အသစ်ကို Page များအားလုံးအတွက် ထည့်သွင်းပေးမည် ဖြစ်ပြီး Page ပိုင်ရှင်များအနေဖြင့် လုပ်ဆောင်ချက်တစ်ခုမျှ ပြုလုပ်ရန် မလိုအပ်ပါ။


Credit: Myanmar Digital Life Journal