Pages - Menu

Pages - Menu

Monday, February 16, 2015

Digital Display ပါဝင်သော USB Cable


လက်ရှိဈေးကွက်အတွင်း၌ ရောင်းချနေသော Data Transfer & Charging USB Cable များနှင့် မတူဘဲ ပုံစံသစ်ဖြစ်သည့်  Digital Display ပါဝင်သော Cable ဖြစ်သည်။ အသုံးပြုသည့် ပစ္စည်း၏ အားသွင်းနိုင် စွမ်းအားကို Volt နှင့် Ampere နှစ်မျိုးဖြင့် ဖော်ပြပေးမည် ဖြစ်သည်။

အချိန်ကြာကြာ အားသွင်းမိခြင်း၊ ခံနိုင်ရည်ထက်ပိုသော Volt နှင့် Ampere များဖြင့် အားသွင်းမိခြင်းများ မဖြစ်အောင် Display ကိုကြည့်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ အားသွင်းမီး၊ အားဖြည့်မီးကို ခွဲခြားပေး ထားသည်။ စမတ်ဖုန်းများနှင့် Tablet PC များတွင် အသုံးပြုနိုင်သည်။ အဝင်ဗို့အား 3V မှ 12 V အထိ နှင့် အမ်ပီယာ 0.1 A မှ 3 A အထိ ပြပေးနိုင်မည် ဖြစ်သည်။ ကြိုးအရှည်မှာ တစ်မီတာရှိပြီး Data အတွက်ပါ အသုံးပြုနိုင်သည်။

တန်ဖိုးမှာ ကျပ်၇,၅၀၀ ဖြစ်ပြီး New Life ဖုန်း ၀၉-၄၃၁၆၄၆၃၂ နှင့် ၀၉-၂၅၄၇၁၄၁၆  ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal