Thursday, December 8, 2016

MTK Platform Phone တလုံး Power On Boot Sequence လေးပါ။
Huawei China Phone ကို အခြေခံ ထားခြင်းဖြစ်သည်။

Boot Room
Boot Room ဆိုတာ program တမျိုးပါ ဒီ program က ကြားခံ platform OS တခုခုပေါ်
အမှီပြုပြီး Run တာမဟုတ်ပါဘူး ( ကြာခံ Platform OS ဆိုတာက windroow , Linux, Andrid, .,. )
CPU ကို တိုက်ရိုက် ခိုင်းစေနိုင်သော machine code အဖြစ် ပြောင်းပြီး CPU chip ထုတ်လုပ်နေစဉ်
( Semiconductor level) မှာ ထည့်သွင်းထားတာပါ။

ဒါ့ ကြောင့် ဒီ Program code ကို ပြုပြင်လို့ မရ နိုင်ပါဘူး။ Mediatek CPU model အလိုက် Boot Room program တွေလည်း ပြောင်းလဲနိုင်ပါတယ်။ CPU ကို သက်ဆိုင်ရာ Power ပေးပြီး
နိုး လိုက်တာနဲ့ ရှေးဦးစွာ သူကိုတိုင်ဘာတွေ လုပ်ရမယ် ဆိုတာ အရင်ဆုံး initializes လုပ်ပါတယ်,
ဆိုလိုတာက အလုပ်လုပ်ရန် လိုအပ်ချက် လိုအပ်တာတွေ သူကိုယ်တိုင် ပြင်ဆင်တဲ့ သဘောပါ။

ဒီလို ပြင်ဆင်ပြီး တာနဲ့ Internal SRAM( ISRM) Controller ကို Boot Room တည်ရှိတဲ့
Address ကို ညွှန်ပြပေးပြီး Boot Room code ကို ISRAM ပေါ်ဆွဲတင်ကာ
program instruction, ညွှန်ကြားချက်အတိုင်း CPU ကစတင်ဆောင်ရွက်ပါတယ်။

ဥပမာ UART Module, External Storage ဖြစ်တဲ့ NAND Flash/ eMMC .... စတာတွေ ကို
initialize ပြုလုပ်ပါတယ်။ နောက် Host Controller ( PC ) တွေနဲ့ ချိပ်ဆက်ပြီး လိုအပ် လျှင် PC နှင့်
ချိတ်ဆက် ဖိုလည်း Boot Room ကလုပ်ဆောင်ပေးပါတယ်။
ထို့နောက် Pre-Loader ခေါ် first bootloader အပိုင်းကို NAND Flash/ eMMC မှ
ISRAM ပေါ် ဆွဲတင်ပြီး Per-Loader Program အပိုင်းကို CPU အား
ဆက်လက် လုပ်ဆောင်စေပါတယ်။

MTK Phone Boot Process
MTK phone တလုံး Power စဖွင့်တာနဲ့ ပုံတွင်ပြထားသည် အတိုင်း အောက်ဖေါ်ပြပါ
လုပ်ဆောင်ချက်တွေ အဆင့်ဆင့်လုပ်ဆောင်ပါတယ်။

၁။ CPU ဟာ Boot Room program အား ငှင်းတွင်ပါရှိသော ISRAM ပေါ်ဆွဲတင်ကာ
Boot Room program ကို စတင် အလုပ်လုပ်စေပါတယ်။

၂။ Boot Room တွင်ပါဝင်သေား ညွှန်ကြားချက် program instructions များအတိုင်း
UART Communication module, Phone boot စတတ်မဲ့ external storage device
( NAND Flash / eMMC ) ... အစရှိတာတွေကို initialize ခေါ် စသည့် device တွေနဲ့
ချိပ်ဆက် လုပ် လုပ်ဆောင်ရာတွင် လိုအပ်ချက်များကို ပြင်ဆင်ပေးပါတယ်။

၃။ ငှင်းနောက် Boot Room ဟာ NAND Flash/ eMMC ရဲ့ Boot partition အပိုင်း
( boot 1, boot 2 ) မှာရှိတဲ့ Pre-Loader ခေါ် first bootloder ကို ISRAM ပေါ်ဆွဲတင်ပါတယ်။

၎။ Boot Room ဟာ Pre-Loader ကို ISRAM ပေါ်တင်ပြီး တာနဲ့ ငှင်း program instruction ကို
Pre-Loader program အစပိုင်းကို သွားရောက်စေပြီး Pre-Loader program ကို စတင်
အလုပ်လုပ် စေပါတယ်။

၅။ Pre-Loader program ဟာ CPU မှာပါ ရှိသော Hardware Module တွေ ကို ပုံမှန်
အလုပ်လုပ် နိုင်ရန် initializes ပြုလုပ်ပါတယ်။ ဥပမာ PLL Module, UART Module,
Timer Module, Memory Module, GPIO Module, PMIC Module, RTC Module,
USB Module, NAND Module, MSDC Module ... အစရှိ Modules တွေပါ။
ငှင်းနောက် Pre-Loader ဟာ second bootloader ခေါ် U-Boot ကို NAND Flash/ eMMC ရဲ့
User Area Partition အပိုင်းမှ External DRAM ( APDDR1, LPDDR2, LPDDR3 ) အပေါ်ဆွဲတင်ပါတယ်။


၆။ Pre-Loader program instruction ကို U-Boot program အစကို သွားရောက်စေပြီး
 U-Boot ကို ဆက်လက် အလုပ်လုပ်စေပါတယ်။ U-Boot ဟာ phone မှာ တပ်ဆင်ထားတဲ့
Hardware အပိုင်းတွေကို initializes လုပ်ပေးပါတယ် ဥပမာ LCD Display အစရှိတာတွေပါ ။


၇။ Initialize အလုပ်တွေပြီးသွားတဲ့ အခါ U-Boot ဟာ eMMC ရဲ့ User Area Partition အပိုင်းမှ
Boot image ကို external DRAM ပေါ် ဆွဲတင် ပေးပါတယ်, ငှင်း boot image မှာ Linux Kernel နှင့်
Ramdisk ပါ ဝင်ပါတယ်။


၈။ ငှင်းနောက် U-Boot program instruction ကို Linux Kernel program အစကို သွားရောက်စေပြီး
Linux Kernel ကို စတင် အလုပ်လုပ် စေတာ ဖြစ်ပါတယ်။


၉။ Linux Kernal မှတဆင့် Android OS အပိုင်းဖြစ်တဲ့ System image ကို eMMC User area partition မှ external memory DRAM ပေါ် ဆွဲ တင်ကာ Android OS ကို စတင် အလုပ်လုပ် စေပါတယ်။

Team and Definitions
CPU = Central Processing Unit
UART = Universal Asynchronous Receiver Transmitter
eMMC = Embedded Multi Media Card
ISRAM = Internal Static Random Access Memory
PLL = Phase Locked Loop
GPIO = General Purpose Input/Output
PMIC = Power Management IC
RTC =Real Time Clock


Credit : Nice Mobile Spare Parts

♦♦♦♦♦♦♦
http://www.butterflymobile.net/

Image