Friday, December 16, 2016


Firmware မှားခြင်း

SYH WP930 နှင့်နမူနာထားပြီး ပြောပြပေးပါ့မယ်...

SYH တွေကို Firmware ရေးရင် ဖုန်းရဲ့ IMEI ကို ကြည့်ပြီး firmware ရေးရပါတယ်။
WP930 မှာ IMEI 35801 နှင့် 35802 ဆိုပြီး ၂မျိုးရှိပါတယ်။ အဲဒီ ၂ မျိုး မှားရေးလို့မရပါဘူး။
မှားရေးရင်တော့ finished ပြတာနဲ့ ဖုန်းဟာ dead သွားပါပြီ။


အဲဒီတော့ ... firmware မရေးခင် IMEI ကိုသေသေချာချာစစ်ပြီး ရေးစေချင်ပါတယ်။
မသိလို့ရေးမိသွားပြီဆိုရင် ဘယ်လိုပြန်ကယ်မလဲ...

Firmware မှားရေးပြီးသွားရင်တော့ Computer မှာ COM Port လည်းမသိတော့ပါဘူး... 
အဲဒါဆို၇င်တော့ emmc ကိုခွာမယ် emmc ရေးတဲ့ box တစ်ခုခုနဲ့ ic ကို 
format ချပြီး miracle crack နှင့် ပြန်ရေးလိုက်ပါ...
 အဆင်ပြေပါလိမ့်မယ်..

~~~ cid မတူသော emmc လဲနည်း ~~~

emmc ပျက်နေတယ် ဆိုရင်တော့ emmc အသစ်လဲရပါလိမ့်မယ်...

ဝယ်လို့ရတဲ့ Samsung KMKJS000VM 309 ကို ကိုယ်ပျက်နေတဲ့
 ဖုန်းမှာ ဘယ်လိုထည့်မလဲဆိုတာ ပုံတစ်ပုံချင်းစီ ထောက်ပြီးကြည့်လိုက်ပါ....

 Factory Image Column ကိုရွေးလိုက်ပါ... vendor မှာ MeidaTek ကိုရွေးပါ... Scatter နေရာမှာ
ကိုယ့်ဖုန်းရဲ့ firmware ထဲက scatter fileိကိုရွေးလိုက်ပါ... အဲဒီ scatter file နဲ့ လိုက်ဖက်တဲ့ emmc တွေရဲ့ cid number တွေကို ပြပါလိမ့်မယ်... ကိုယ်ထည့်တဲ့  emmc ဟာ samsung ဆိုရင် samsung ပြထားတဲ့အထဲက CID တစ်ခုခုပြောင်းလိုက်ရင်ရပါပြီ...
 ကိုယ်ထည့်တဲ့ emmc ရဲ့ boot partition size နဲ့ ကိုယ်ရေးမယ့်
firmware ရဲ့ boot size မတူရင် ဒီလို ပေါ်လာပါလိမ့်မယ်.. Yes ကိုရွေးလိုက်ပါ...
ကိုက်ညီမယ့် boot size ကို auto ချိန်းသွားပါလိမ့်မယ်...
 emmc cid မတူရင် ဒီလိုပေါ်လာပါလိမ့်မယ်.. ဒါဆိုရင်လည်း Yes ကိုရွေးလိုက်ရင်ရပါပြီ
 ကိုယ်ထည့်တဲ့ ic ရဲ့ ထုတ်တဲ့ company ကိုကြည့်ပြီး cid ရွေးလိုက်ပါ
 ဒါဆိုရင်တော့ ic ကို boot size လည်းချိန်းပြီး သလို cid လည်း ချိန်းပြီးလို့ file ထည့်နေပါပြီ
 အားလုံးရေးပြီးလို့ emmc Identify လုပ်လိုက်ရင်တော့ ဒီလိုပေါ်လာပါလိမ့်မယ်။
ဖုန်းမှာပြန်တပ်လိုက်ပါ... emmc ပြန်တပ်ရုံနဲ့ မတက်သေးဘူးဆိုရင်တော့
Miracle crack နဲ့ firmware ပြန်ရေးလိုက်ပါ....
အားလုံးအဆင်ပြေကြပါစေ

ဇူးနစ်(နည်းပညာ)