ဂျပန်မှာ Feature Phone တွေကို အသုံးပြုနေကြတုန်းပါပဲ။
ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဘယ်လိုပဲ ပေါ်လာပေါ်လာ
စွမ်းဆောင်ရည်နိမ့်တဲ့ ဖုန်းတွေကိုလည်း တီထွင်ဆန်းသစ်ပြီး
ထုတ်လုပ်နေကြပါတယ်။
အောက်ကပုံမှာ ပြထားတဲ့ အသည်းပုံ ပစ္စည်းလေးဟာ
ဘယ်လိုကြည့်ကြည့် ဖုန်းလို့ ထင်စရာမရှိပါဘူး။ တကယ်တော့ အဲဒီ အသည်းပုံ
ပစ္စည်းလေးဟာ ဖုန်း ဖြစ်ပါတယ်။ အသည်းပုံလေးကို ခေါက်ချိုးလိုက်ရင်
စကားပြောဆက်သွယ်နိုင်တဲ့ ဖုန်းအဖြစ် အသွင်ပြောင်းသွားပါတယ်။
ဖုန်းနာမည်ကို Heart လို့ ပေးထားပြီး အနီရောင်နဲ့ အနက်ရောင်များ
ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့ အလေးချိန်ဟာ ၅၄ ဂရမ်သာရှိပြီး ဂျပန်ရှိ
Nihon မှ ရောင်းချမှာ ဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းမှာ စတင်ရောင်းချမှာ
ဖြစ်ပါတယ်။
ဖုန်း အားသွင်း ကိရိယာကလည်း ချစ်စရာကောင်းတဲ့
အသည်းပုံစံလေး ဖြစ်ပါတယ်။ Heart ကို ဖုန်းပြောဖို့သာ အသုံးပြုနိုင်မှာ
ဖြစ်ပြီး အင်တာနက်နဲ့ SMS တို့ကို အသုံးပြုလို့မရပါဘူး။ 128×36 dot
display ပါရှိပြီး Contact တစ်ရာကို မှတ်သားနိုင်တဲ့ Phonebook ပါရှိပါတယ်။
Credit:Myanmar Digital Life Journal
ဂျပန်မှ ထူးထူးခြားခြား အသည်းပုံ ဖုန်း
on
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ