Thursday, July 17, 2014


http://cdn.ndtv.com/tech/images/gadgets/lg_g3_flickr_official.jpg

LG က စွမ်းဆောင်ရည်သင့် G3 Beat စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။ G3 Beat သည် စွမ်းဆောင်ရည်မြင့် G3 ကို ဈေးသက်သာစေရန် ပြုလုပ်ပေးထားသည့် အမျိုးအစားဖြစ်ပါသည်။ G3 Beat တွင် ငါးလက်မမျက်နှာပြင် တပ်ဆင်ထားသဖြင့် G3 ၏ ၅.၅ လက်မမျက်နှာပြင်ထက် သေးငယ်ပါသည်။ သို့သော် LG က G3 Beat တွင် G3 ၏ အကောင်းဆုံး စွမ်းဆောင်ချက်များပါရှိသည်ဟု ကြေညာထားပြီး တန်ဖိုးနည်း စမတ်ဖုန်း ကိုင်ဆောင်ချင်သူများအတွက် ရည်ရွယ်ထားပါသည်။

G3 Beat တွင် Android KitKat ကို မောင်းနှင်လည်ပတ်စေမည် ဖြစ်သည်။ 1.2GHz Quad-Core Qualcomm Snapdragon Processor , 1GB RAM, 8GB Internal Storage ပါရှိသဖြင့် G3 ၏ စွမ်းရည် တစ်ဝက်လောက်သာ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

G3 Beat ၏ အနောက်ဘက်တွင် 8 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.3 Megapixel Camera တပ်ဆင်ထားပါသည်။ G3 တွင် 13.1 Megapixel နှင့် 2.1 Megapixel Camera နှစ်လုံး တပ်ဆင်ထား သည်ကို နှိုင်းယှဉ် သုံးသပ်နိုင်ပါသည်။

G3 Beat တွင် G3 ၏ Laser Auto Focus, Touch and Shoot , Gesture Shots, Smart Keyboard, QuickMemo+ စသည့် စွမ်းဆောင်ချက်များ ပါရှိပါသည်။

G3 Beat ကို အနက်၊ ငွေဖြူ ၊ ရွှေရောင် သုံးမျိုးထုတ်လုပ်ပေးထားပါသည်။ ကိုရီးယားတွင် ဇူလိုင် ၁၈ ရက်နေ့ ၌ စတင်ရောင်းချပေးမည်ဖြစ်ပြီး ဥရောပနှင့် ရုရှားတွင် G3 s အမည်ဖြင့် ရက်သတ္တပတ် အနည်းငယ် အကြာတွင် ရောင်းချပေးမည် ဖြစ်သည်။ ထို့နောက်တွင် တစ်ကမ္ဘာလုံးတွင် ရောင်းချမည် ဖြစ်သည်။

G3 Beat ၏ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးကြောင်း သိရပါသည်။



Myanmar Digital Life Journal

 

Newer Post
Previous
This is the last post.