Pages - Menu

Pages - Menu

Sunday, July 10, 2016

Sensor အကြောင်း (အပိုင်း ၁)


၁။ Sensor ဆိုတာ Energy convertion လို့ ပြောလို့ရပါတယ် ။
အပြင် Environmental မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ၊ condition တွေကနေ
Electronic ပိုင်း ဆိုင်ရာ အခြေအနေတွေ ၊ condition တွေကို ပြောင်းလဲ ပေးပါတယ် ။
အဆိုပါ Electronic ပိုင်းဆိုင်ရာ condition တွေကနေ သာမန် User တွေ နားလည်တဲ့
Information တွေ ၊ Data တွေ ၊ Graphical ပိုင်းဆိုင်ရာအချက်အလက်တွေကို
ဖော်ပြပေးခြင်း ဖြစ်ပါတယ်။


၂။ Transducer တွေဟာလည်း တနည်းအားဖြင့် Sensor လို့ ခေါ်ဆိုနိုင်မယ် ထင်ပါတယ် ။ Transducer တွေဆိုတာ microphone တွေလိုမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ် ။
အပြင်မှာရှိတဲ့ အသံကနေ Electronic ပစ္စည်းတွေနားလည်တဲ့ Electrical Signal ကို
ပြောင်းလဲပေးတဲ့ အလုပ်ကို Microphone ကနေ Energy convertion အနေနဲ့
လုပ်ဆောင်ပေးပါတယ်။ Microphone ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။


၃။ အပူချိန်နဲ့ ပတ်သက်တဲ့ အခြေအနေကိုလည်း လေ့လာနိုင်ပါတယ်။
Temperature Sensor ပါ။ အပြင်မှာရှိတဲ့ အပူချိန်ကို ဘယ်လာက် degree C
ရှိတယ်ဆိုတာကို အတိအကျ သိချင်ရင် Electronic Product လိုအပ်ပါတယ်။
အဆိုပါ Electronic Product ရဲ့ လုပ်ဆောင်ချက်ကတော့ အပြင်မှာရှိတဲ့ အပူချိန်ကို
အဆိုပါ အပူချိန်နဲ့ တူညီတဲ့ တန်ဖိုးကို Display မှာ ဖော်ပြပေးဖို့ ဖြစ်ပါတယ်။
အဲသလို ဖော်ပြဖို့ ဆိုရင် Thermocoupler လို အပြင်မှာရှိတဲ့ Temperature ကနေ
အဆိုပါ အပူချိန်အလိုက် ပြောင်းလဲပြီးတော့ output အနေနဲ့ ထုတ်ပေးနိုင်တဲ့
Sensor လိုအပ်ပါတယ်။



၎။ Thermocoupler Sensor ရဲ့ လုပ်ဆောင်ချက်ကတော့ အပူချိန်နဲ့ ညီမျှတဲ့
(အပူချိန်အတိုင်း လိုက်ပါပြောင်းလဲ ထုတ်ပေးနိုင်တဲ့) Voltage ကို ထုတ်ပေးနိုင်ခြင်း ဖြစ်ပါတယ် ။
Voltage တန်ဖိုး အလိုက် လိုက်ပါ ပြောင်းလဲခြင်း ဆိုတာကို အရှင်းဆုံး ဥပမာ အနေနဲ့
ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အသုံးပြုလေ့ရှိကြတဲ့ အဖျားတိုင်းတဲ့ Thermometer ကို လေ့လာကြည့်နိုင်ပါတယ် ။ လူတိုင်းက ဖျားနာဖူး ၊ Thermometer နဲ့ တိုင်းတာခြင်း
ခံဖူးကြမှာပါ။



၅။ Thermometer ရဲ့ လုပ်ဆောင်ချက်က အပူချိန်ကို လိုက်ပြီးတော့ အတွင်းထဲက
ပြဒါးရဲ့ တည်နေရာ ပြောင်းလဲသွားစေခြင်း ဖြစ်ပါတယ်။ အပြင်မှာတော့ Scale တွေကို
degree C နဲ့ ဖြစ်စေ ၊ F နဲ့ ဖြစ်စေ ဖော်ပြပေးထားပါတယ် ။ အပူချိန် တက်လာလေလေ
(Temperature Increase) ပြဒါးဟာလည်း အပေါ်ကို တက်လာလေလေ ပဲဖြစ်ပါတယ် ။
Scale အနေနဲ့လည်း အပေါ်ကို တက်လာလေလေ တန်ဖိုး များလာလေလေပဲ ဖြစ်ပါတယ် ။



၆။ အဆိုပါ အဖျားတိုင်း (အပူချိန်တိုင်း)တဲ့ ပစ္စည်းမှာ ပြဒါး ဆိုတာ Sensor ပါပဲ။
လူတယောက်ဆီမှာရှိတဲ့ အပူချိန်ကို အခြားလူတယောက်ကနေ အပူချိန်အတိအကျ ဘယ်လောက်ဆိုတာ မြန်မြန်ဆန်ဆန် နားလည်လာအောင် ပြဒါး ဆိုတဲ့ Sensor ကနေ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။



၇။ နောက်ထပ် Sensor တွေ နဲ့ ပတ်သက်လို့ အဓိက အရေးကြီးတဲ့ အချက်တွေက
Sensitivity , Deviation နဲ့ Resolution တို့ ဖြစ်ပါတယ်။



၈။ Sensor တခုရဲ့ Sensitivity ဆိုတာ အဆိုပါ Sensor အနေနဲ့ ဘယ် Range ကနေ
ဘယ် Range တန်ဖိုး အထိ Sense လုပ်နိုင် သလဲဆိုတာပါ။ ဥပမာ အပူချိန်ကို
တိုင်းတာမယ့် Sensor ဆိုပါစို့ ။ ဘယ်လောက် အပူချိန် (Degree C တန်ဖိုး
ဘယ်လောက်အစကနေ Degree C တန်ဖိုး နောက်ဆုံး ဘယ်လောက်အထိ )
Detect လုပ်နိုင်သလဲ ဆိုတာ ဖြစ်ပါတယ်။



၉။ Deviation ဆိုတာ အဆိုပါ Sensor ကနေ Sense လုပ်လို့ ရတဲ့ တန်ဖိုးကနေ
Output Voltage တန်ဖိုး တစ်ခုကို ထုတ်ပေးတဲ့ နေရာအထိ ဘယ်လောက်တန်ဖိုးအထိ
မှားယွင်းနိုင်တာကို ဆိုလိုခြင်းဖြစ်ပါတယ် ။ + or - တန်ဖိုး အနေနဲ့ Deviation တန်ဖိုးတွေ
ရှိနိုင်ပါတယ်။ Error လို့လည်း ခေါ်ဆိုနိုင်ပါတယ် ။



၁၀။ Resolution ကတော့ Sensor အနေနဲ့ ဘယ်လောက်အပူချိန်တန်ဖိုး အသေးစိတ်အထိ Sense ပြုလုပ်နိုင်ပြီးတော့ ပြောင်းလဲရင်လည်း ပြောင်းလဲမှု တန်ဖိုး အနေနဲ့
ဘယ်လောက်အထိအသေးစိတ် လိုက်ပါ ပြောင်းလဲနိုင်သလဲ ဆိုတာ ဖြစ်ပါတယ် ။
အပူချိန်ကို ဖော်ပြတဲ့ Thermometer မှာ ဆိုရင် ပြဒါးတိုင်ဟာ Degree C အနေနဲ့
1 degree C တန်ဖိုးပြောင်းလဲသွားတိုင်း Displacement အနေနဲ့ 1 cm တန်ဖိုး
တက်သွားရင် (ပြောင်းလဲသွားရင်) 1 degree C / cm ဖြစ်ပါတယ် ။
တကယ်လို့ 100.3 degree C ဆိုရင်လည်း တန်ဖိုးအနေနဲ့ကတော့
100 degree C မှာပဲ ဖော်ပြပေးနေမှာပဲဖြစ်ပါတယ် ။ Sensor အနေနဲ့ကတော့
Resolution အသေးစိတ်အထိ Sense ပြုလုပ်ပေးနိုင်သောလည်း
Display မှာ အသေးစိတ် ဖော်ပြပေးနိုင်ခြင်း ရှိ / မရှိ ဆိုတာ Controller ရဲ့
A/D Converter တန်ဖိုးတွေနဲ့ပဲ ဆိုင်ပါတယ်။


ကျေးဇူးတင်ပါတယ်။
ကိုမျိုး (အီလက်ထရောနစ်) 
Hla Myo