Pages - Menu

Pages - Menu

Wednesday, July 6, 2016

DC to DC လို့ ခေါ်ကြတဲ့ Step down converter လေးအကြောင်း




ဖုန်းတွေမှာအသုံးပြုကြတဲ့ DC to DC လို့ ခေါ်ကြတဲ့ Step down converter လေးအကြောင်း
သိသလောက်မျှဝေပေးလိုက်ပါတယ်။

အခုပုံမှာ TPS 62080 လို့ ပြထားတဲ့အိုင်စီကလေးပါ emmc အတွက်လိုအပ်တဲ့ 
VCC2.8Vကို ဒီအိုင်စီလေးကထုတ်ပေးထားပါတယ်။ဒီအိုင်စီလေးမှာ pin ပေါင်း ၈ခုပါဝင်ပါတယ်။

pin-1 EN = Device Enable Logic input ငုတ်ဖြစ်ပါတယ်။
enable ငုတ်ကို ဗို့ ပေးလိုက်ရင်အိုင်စီအတွင်းပတ်လမ်းအလုပ်
လုပ်ပြီး output ကိုဗို့ ထုတ်ပေးပါတယ်။

pin-2 GND = Power and Signal ground ငုတ်ဖြစ်ပါတယ်။

pin-3 MODE = Snooze mode enable logic input ငုတ်ဖြစ်ပါတယ်။
ပါဝါစားသုံးမှုကိုအများဆုံးလျှော့ချပေးလိုတဲ့အချိန်မှာ snooze mode ကို 
enable လုပ်ပေးရပါတယ်။ အခုပုံမှာတော့ ground ချပေးထားပါတယ်။

pin-4 FB = Feedback pin for the internal loop.

pin -5 VOS = Output voltage sense pin for the internal control loop.

ဒီပင်ကိုတော့ အထွက်ဗို့ လမ်းကြောင်းနဲ့ဆက်သွယ်ပေးထားဖို့ လိုပါတယ်။

pin-6 PG = Powre Good open drain output ငုတ်ပါ။
ဒီငုတ်လေးကတော့ အထွက်ဗို့ ကိုအနိမ့်ဆုံး ကန့် သပ်ပေးထားငုတ်ပါ။

ပုံမှာတော့အသုံးပြုထားခြင်းမရှိပါဘူး။ တကယ်လို့ အထွက်ဗို့ ကို 1.8Vထက်
လျှော့ပြီးသုံးမယ်ဆိုရင် ဒီငုတ်လေးကို resistor 100K တစ်လုံးခံပြီး အထွက်ဗို့ လိုင်းနဲ့
ဆက်ထားပေးသင့်ပါတယ်။


pin-7 SW =Switch pin contect to the internal MOSFET
ဒီငုတ်လေးကတော့ ပြင်ပမှာရှိတဲ့ Inductor ကို မောင်းနှင်ပေးမဲ့ငုတ်ပါ။


pin-8 VIN = Power supply voltage ပါဝါပေးသွင်းတဲ့ငုတ်ပါ
ပုံမှာ VPH-PWR လမ်းကြောင်းမှ ဗို့ ပေးသွင်းထားပါတယ်။


Exposd Thermal Pad ကတော့ ငုတ်နံပါတ် ၉ လို့ ရေးတတ်ပါတယ်။၎င်းငုတ်ကို 

အပူချိန်လျှော့ချနိင်ရန် ဆားကစ် ground နဲ့ ကပ်ပေးထားပါတယ်။ground pin 
အဖြစ်သုံးထားပါတယ်။

ဖုန်းတွေပါဝါမနိုးတဲ့အခါ ဒီအိုင်စီလေးကနေ ပေးထားတဲ့
2.8V လေး emmc ကို ရောက်မရောက်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ဗို့ မထွက်ရင်တော့ပတ်လမ်းရဲ့သဘောတရားကိုနားလည်ရင်
လိုအပ်တဲ့အပိုင်းကိုပြင်ဆင်နိင်မှာပါ။
အားလုံးအဆင်ပြေကြပါစေ။



ကို ကို အောင်