ဘယ်လိုမျိုးProgramming Skillsတွေကသင့်ကို လုပ်ငန်းခွင်ဝင်ဖို့ အာမခံ ချက်ပေးနိုင်ပါသလဲ။ဘယ်အရာတွေကျွမ်းကျင်စွာ တတ်မြောက်ထားမယ် ဆိုရင် သင့်ကိုအိုင်တီကုမ္ပဏီကြီးတွေကကမ်းလင့်လို့ကြိုဆိုနေမယ် ဆိုတာကို သိပါသလား။ဆော့ဖ်ဝဲသမားများအ ဖို့ ဘယ်လိုမျိုး Tools တွေကသူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ(ခေတ်နဲ့လျော်ညီပြီးတကယ့်ကို စွမ်းဆောင်ရည်မြင့်မြင့်မြင့်မားမားနဲ့ အသုံးချနိုင်မယ့်)ကို ဖြည့်ဆည်း ထားရမလဲ၊စူးစိုက်စွာလိုက်စားသင့်သလဲဆိုတာတွေကိုဖော်ပြလိုက်ပါတယ်။
Programmer များအဖို့ ဘယ်လိုမျိုး Skills တွေကရှိထားဖို့အရေးတကြီး လိုအပ်သလဲဆိုတာကို သိထားမယ်ဆိုရင် သူတို့လျှောက်ရမယ့် လမ်းက ပိုမိုမြန်ဆန်မှာပဲဖြစ်ပါတယ်။ Programming Language ပေါင်းများစွာရှိရာ အားလုံးကိုသိဖို့၊တတ်ဖို့တော့မလိုအပ်ပါဘူး။သို့သော် အချို့သော Languageများကတော့ Essentialအဖြစ်သိကိုသိ၊တတ်ကိုတတ်ရမှာပါ။ အချို့သောProgramming Languageတွေကတော့ အသေးစိတ်ကို သိကျွမ်းနားလည်ဖို့လိုအပ်ပါ တယ်။မတူညီတဲ့Project သဘော သဘာဝများ အရ လိုက်ဖက်တဲ့ Toolsများကိုသူ့နေရာနဲ့သူ အံဝင်ခွင်ကျ အသုံးချ တတ်ဖို့လိုအပ်ပါတယ်။
ယခုဖော်ပြမယ့် Skill များကတော့ indeed.comနဲ့ cio.com တို့ရဲ့ စနစ်တကျပြုလုပ်ထားတဲ့ သုတေသနများမှ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Reportပဲဖြစ်ပါတယ်။အလုပ်ခေါ် စာများ၊အလုပ်အကိုင်ရရှိမှုနဲ့ လစာ နှုန်းထား များစသည့်အချက်အလက်ပေါင်းစုံကို အခြေခံကာ နောက်ဆုံး အနှစ်ချုပ်ထွက်ရှိလာခဲ့သည့် စစ်တမ်းများလည်းဖြစ်ပါသည်။ေ နာက်ထပ်ဆယ်စုနှစ်တစ်ခု(အနည်းဆုံးတော့) ၅နှစ်ကျော်အတွင်း ကတော့ ဒီစစ်တမ်းတွေက မှန်နေဦးမယ့်အလားအလာရှိပါတ ယ်။ဘယ်မြို့တွေကတော့ဘယ်လိုမျိုး Skillsရှိတဲ့ သူတွေပိုလိုအပ်သလဲ၊ဘယ်Skill sတွေကလစာနှုန်းထားနဲ့ လိုအပ်ချက်ပိုမိုမြင့်မားသလဲဆိုတာတွေလည်းသိရှိနိုင်မှာ ဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့လေ့လာလိုက်ကြရအောင်။
(1) SQL
ကျွန်တော်တို့သုံးစွဲနေတဲ့စီးပွားရေးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေ၊websiteတွေရဲ့မျက်နှာပြင်နောက်ကွယ်မှာdatabaseေ တွရဲ့ယန္တရားကြီး ရှိပါတယ်။ ဒီdatabaseတွေအတွက် SQL(Structured Query Language)အပေါ် များစွာမှီခိုရပါတယ်။Inform ationတွေကိုထည့်သွင်းဖို့၊ထုတ်ယူဖို့၊ပြုပြင်ဖို့၊တွက် ချက်ဖို့ စသည့်အမျိုးစုံသောလုပ်ငန်းေ ဆာင်တာ အားလုံးအတွက် တကယ့်ကိုအသုံး တည့်ပြီးမဖြစ် မနေသိထားတတ်ထားရမယ့်အရေးအကြီး သော language ဖြစ်ပြီးမည့်သည့် Programmar များအတွက် မဆို မဖြစ်မနေ တတ်မြောက်ကျွမ်းကျင်ထားဖို့ လိုအပ်သောကြောင့်ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။ ယခုပေးထား သောပုံတွင် လစာ၊အလုပ်ရသည့်အရေအတွက်၊ US ရှိမည်သည့်မြို့များမှာလိုအ ပ်ချက်မြင့်မားသလဲ၊ဘယ်ကုမ္ပဏီများကအခေါ် အများဆုံးလဲဆိုတာတွေကိုဖော် ပြထားပါတယ်။
(2) Java
Write-once-any-where ဆိုတဲ့စကားလုံးနဲ့နာမည်ကြီး ခဲ့တဲ့ Javaဟာ ဒီနေ့ခေတ်လိုကွန်ပျူတာသာမကအ ခြားသောElectronics divices ပေါင်းစုံ ကိုကွန်ပျူတာဆော့ဖ်ဝဲထိန်းချုပ်စနစ်တွေနဲ့အသုံးချနေတဲ့ အချိန်မှာနေရာ တကာမှာအသုံးတည့်တဲ့Language ဖြစ်သလို Open Sourceလည်းဖြစ်၊cross platformလည်းrunလို့ရတဲ့အပြ င် Software Engineering လုပ်ငန်းစဉ်များ အတွက် လွယ်လင့်တကူdeveloping,main tainingတွေ လုပ်နိုင်မယ့်Object oriented programming သွင်ပြင်များနဲ့ဖွဲ့စည်းတည် ဆောက်ထားတဲ့ languageတစ်ခုဖြစ်ပါတယ်။199 5ကတည်းကတောက်လျှောက်ယနေ့ခေတ်ထက်ထိတိုင်အောင် developerများနဲ့ employerများကြားမှာ ရေပန်း အစားဆုံး၊နာမည်အကျော်ဆုံးနဲ့  အာမခံချက်အပေးနိုင်ဆုံး language တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါ တယ်။
(3) HTML
အင်တာနက် Web siteတွေကိုပင်မတည်ဆောက်ထားတာ ကတော့ HTML(Hyper Text Markup Language) ပါပဲ။ကမ္ဘာတလွှားဖြန့်ကျက် ထားတဲ့အင်တာနက်ကွန်ရက်ကြီးတ စ်ခုလုံးအတွက် စံသတ်မှတ်ထားတဲ့ languageတစ်ခုလည်းဖြစ်ပါတယ် ။ယခုနောက်ဆုံး HTML5 အထိရောက်ရှိ လို့လာခဲ့တဲ့အခါမှာတော့သူ့ရဲ့ powerဟာထင်မှတ်မထားလောက်အော င်ကို ကြီးမားသွားပါတယ်။သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပိုမိုများပြားလာသလို ယခင်က third party applicationတွေပေါ်မှာမှီခို ခဲ့ရမှုတွေက တဖြည်းဖြည်း လျော့ကျလာပြီးမိုဘိုင်းOSပေါင်းစုံရဲ့ appsတွေဖန်တီးဖို့အထိအားထား လို့ လာခဲ့ရပါတယ်။HTMLကို JavaScript နဲ့ CSSတို့ပေါင်းစပ်လိုက်တဲ့ အခါမှာ တော့ ပိုမိုဆွဲဆောင်မှုရှိပြီး interactive ဖြစ်တဲ့webစာမျက်နှာများကို ဖန်တီး နိုင်ပါတယ်။Geolocation, Video နဲ့ ဂိမ်းများအတွက်လိုအပ်တဲ့ ဒီဇိုင်းပုံစံများ ကိုဖန်တီးနိုင်မှာဖြစ်သလိုC SSနဲ့jQueryတို့ကိုရောစပ်သုံးစွဲလိုက်တဲ့အခါမှာ တော့ Web siteတွေထဲမှာ hot အဖြစ်ဆုံးသောဒီဇိုင်းပုံစံများကို ဖန်တီးနိုင်မှာ ပဲဖြစ်ပါတယ်။
(4) JavaScript
Java Scriptကတော့HTMLလိုပဲwebအတွ က်အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ တော်ရုံတန်ရုံprocessingလုပ်ဆောင်ဖို့ လိုအပ်တဲ့ ကိစ္စတွေအတွက်ဆိုရင် ကျွန်တော်တို့ကြည့်နေတဲ့Web Browser မှာrunကာ server side မှာလုပ်ဆောင်တာထက်ပိုမိုမြန်ဆန်တဲ့responseများကိုရရှိ နိုင် မှာပါ။ မကြာသေးမီက java script libraryများကိုအသုံးပြုပြီး ဒီဇိုင်းများ အတွက် ပိုမိုလွယ်ကူစွာဖန်တီးနိုင် (အသင့်သုံးနိုင်မယ့်) jQueryလိုမျိုးlibrary တွေများစွာပေါ်ပေါက်လာတာကလည်းJava Scriptကိုပိုမိုတွင်ကျယ်စွာ အသုံးချလာနိုင်ခြင်းပဲဖြစ်ပါတယ်။
(5) C++
1983 ခုနှစ်ကBjarneStrousupတီထွင်ဖန်တီးခဲ့တဲ့ C++ဟာ C language အပေါ် အဆင့်မြှင့်တင်မှုတွေများစွာပြုလုပ်ခဲ့ပြီး programming ရဲ့ လမ်းကြောင်းသစ်တစ်ခုကိုဖောက်နိုင်ခဲ့ပါတယ်။low-level စွမ်းဆောင်ရည် တွေကို OOP စနစ်များနဲ့ပြုပြင်ပြောင်းလဲအစားထိုးလိုက်နိုင်ကာOOPရဲ့  ခေတ်ကိုစဖောက်ခဲ့တဲ့languag eလည်းဖြစ်ပါတယ်။ Reusable code တွေကို ပြန်လည်အသုံးချနိုင်စွမ်ြးေ ကာင့် High-level languageတစ်ခုအဖြစ် applicationများစွာကိုလွယ်ကူလျင်မြန်စွာတည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကွန်ပျူတာစနစ်ရဲ့ တကယ့်အတွင်းပိုင်းSystemတွေ နဲ့ပတ်သက်တဲ့ နယ်ပယ်တွေမှာတော့Cနဲ့ C++တို့ဟာပင်မအသုံးချရတဲ့la nguageတွေ ပဲဖြစ်ပါတယ်။များသောအားဖြင့်ဒီLanguageတွေနဲ့ တိုက်ရိုက်အသုံးချပြီး Developingလုပ်တာဟာတကယ့်ကြီးမားလှတဲ့ကုမ္ပဏီကြီးတွေမြှာ ဖစ်ပြီး programmerများအတွက်ကတော့ C++ကျွမ်းကျင်မယ်ဆိုရင် အခြားသော languageတွေကိုလွယ်လင့်တကူ လျင်မြန်စွာတတ်မြောက်နိုင်မှာပါ။ ဥပမာ အားဖြင့် C++ ကျွမ်းကျင်သူတစ်ယောက်ဟာJava ,C#နဲ့ Object-C languageများကို လျင်မြန်စွာတတ်မြောက်မှာပြဲ ဖစ်ပါတယ်။
(6) C#
C Sharpလို့အသံထွက်တဲ့Object- orientedC#ဟာMicrosoftရဲ့ .Net libraryတွေနဲ့ လုံးဝသုံးစွဲနိုင်စွမ်းရှိတဲ့ Multi –paradigm programming languageပဲဖြစ်ပြီးMicrosof tမှ ဖန်တီးခဲ့ခြင်းလည်းဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝှမ်းအသုံးအများဆုံးOS ဖြစ်တဲ့WindowsOSများအတွက်ေ တာ့ C# ဟာပင်မလိုအပ်ချက် languageဖြစ်ပြီး cross-platform languageတစ်ခု အဖြစ်ဒီဇိုင်းချပြုလုပ်ထားတာဖြစ်ပါတယ်။
(7) XML
Extensible Markup Language သို့မဟုတ် XMLဟာလည်း HTMLလိုမျိုး markuplanguageတစ်ခုဖြစ်ပြီးdataများကို web စာမျက်နှာများမှာ ဖော်ပြနိုင်ဖို့၊transfarလု ပ်နိုင်ဖို့၊သိုလှောင်သိမ်း ဆည်းထားနိုင်ဖို့တို့အတွက်ေ ပါ့ပေါ့ပါးပါးသုံးစွဲနိုင်တဲ့formatတစ်ခုပဲဖြစ်ပါတယ်။X ML codeတွေက လူတွေ နားလည်နိုင်မယ့်ပုံစံနဲ့ဖတ် ရှုနိုင်ပြီးစက်ကလည်းinterp ret လုပ်နိုင် ပါတယ်။
(8) C
Cကတော့ဘယ်အချိန်မဆိုထိပ်ဆုံးကရပ်နေမယ့်languageပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အားလုံးသောအခြားနာမည်ကြီးpr ogramming language များ (ဥပမာ-C#,Phthon,PHPနဲ့Perl )တို့လိုမျိုးGeneral purpose language တွေရဲ့မိခင်ဖြစ်နေလို့ပါပဲ။ သူ့ဆီကနေပဲခွဲထွက်ကာစံအဖြစ် ယူထားတာပါ။
(9) Perl
Perl ကလည်းထွက်ရှိခဲ့တာကြာပါပြီ။ 1987 ခုနှစ်က Larry Wallကဖန်တီးခဲ့ပြီး Unix Scripting languageတစ်ခုအဖြစ်စတင်ခဲ့ပါတယ်။Perlက C, Shell Script,AWK တို့ရဲ့featureများကိုပေါင်းစပ်ပြီးdeveloperများအတွက် ပိုမို လွယ်ကူစွာရေးသားနိုင်စေမယ့် text dataများအဖြစ်သုံးစွဲနိုင်ရ န်ဖန်တီး ထားခြင်း လည်းဖြစ်ပါတယ်။
(10) Python
High-level OOP languageတစ်ခုဖြစ်တဲ့ Pythonဟာ Googleရဲ့ ပင်မ အသုံးပြုတဲ့Languageတွေထဲကတ စ်ခုအပါအ၀င်ဖြစ်ပြီးပုံစံမျိုးစုံနဲ့သုံးစွဲနိုင်ပါတယ် ။pythonကနားလည်လွယ်တဲ့langu ageတစ်ခုလည်းဖြစ်ပါတယ်။ code များကိုတိုတိုတောင်းတောင်းနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။d ynamicဖြစ်တဲ့ languageတစ်ခုလည်းဖြစ်ပါတယ် ။
ငြိမ်းချမ်း (B.E-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Programmer များအဖို့ ဘယ်လိုမျိုး Skills တွေကရှိထာ
ယခုဖော်ပြမယ့် Skill များကတော့ indeed.comနဲ့ cio.com တို့ရဲ့ စနစ်တကျပြုလုပ်ထားတဲ့ သုတေသနများမှ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Reportပဲဖြစ်ပါတယ်။အလုပ်ခေါ်
(1) SQL
ကျွန်တော်တို့သုံးစွဲနေတဲ့စ
(2) Java
Write-once-any-where ဆိုတဲ့စကားလုံးနဲ့နာမည်ကြီး
(3) HTML
အင်တာနက် Web siteတွေကိုပင်မတည်ဆောက်ထားတ
(4) JavaScript
Java Scriptကတော့HTMLလိုပဲwebအတွ
(5) C++
1983 ခုနှစ်ကBjarneStrousupတီထွင
(6) C#
C Sharpလို့အသံထွက်တဲ့Object-
(7) XML
Extensible Markup Language သို့မဟုတ် XMLဟာလည်း HTMLလိုမျိုး markuplanguageတစ်ခုဖြစ်ပြီ
(8) C
Cကတော့ဘယ်အချိန်မဆိုထိပ်ဆုံ
(9) Perl
Perl ကလည်းထွက်ရှိခဲ့တာကြာပါပြီ။
(10) Python
High-level OOP languageတစ်ခုဖြစ်တဲ့ Pythonဟာ Googleရဲ့ ပင်မ အသုံးပြုတဲ့Languageတွေထဲကတ
ငြိမ်းချမ်း (B.E-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/