Pages - Menu

Pages - Menu

Monday, January 4, 2016

APK uninstall from adb shell command



မိမိဖုန်းမှာ install လုပ်ထားတဲ့ Application လေးတွေကို adb shell command သုံးပြီး 
uninstall လုပ်ပုံလေးပြပေးပါမယ် အရမ်းကို လွယ်ကူပါတယ်။
အရင်ဆုံး command prompt ဖွင့်လိုက်ပါ။
adb shell လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
$ ပုံလေးပြရင် လုပ်ငန်းစလို့ရပါပြီ။
အရင်ဆုံး Package Manager ( pm ) ကို အသုံးပြုပြီး install လုပ်ထားတဲ့ Application တွေကို စစ်ကြည့်ပါမယ်။
pm list package -3 လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ install လုပ်ထားတဲ့ Application တွေရဲ့ 
Package Name တွေပြပေးပါလိမ့်မယ်။ မိမိ ပြန်ဖြုတ်လိုတဲ့ package ကို pm uninstall <package> ဆိုပြီး 
ရေးထည့်ပြီး Enter ခေါက်ပေးလိုက်တာနဲ့ uninstall လုပ်သွားပါလိမ့်မယ်။ အခု နမူနာ အနေနဲ့ 
facebook APK ကို command ကနေ uninstall လုပ်တာလေး ပြပေးပါမယ်
adb shell
pm uninstall com.facebook.katana
အပေါ်က command ၂ ကြောင်းကို တစ်ကြောင်းခြင်း ရိုက်ထည့်ပြီး Enter ခေါက်သွားလိုက်တာနဲ့ 
မိမိဖုန်းမှာ install လုပ်ထားတဲ့ facebook applicaion ကို uninstall လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။


MPPG