Pages - Menu

Pages - Menu

Thursday, July 16, 2015

♪ Facebook တွင် အမျိုးသမီးများ၏ အခွင့်အရေးကို ဖော်ကျူးသည့် သင်္ကေတကို ပြောင်းလဲအသုံးပြု ♫


Facebook သည်၎င်း၏ software update တွင် လူမှုရေးမီဒီယာရှိ friend နှင့် group များအား ကိုယ်စားပြုရန် သင်္ကေတများကို အနည်းငယ် ပြောင်းလဲမှု ပြုလုပ်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် Facebook ၏  friend နှင့် group သင်္ကေတများတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး friend သင်္ကေတတွင် အမျိုးသား၏ ညာဘက်သို့ အမျိုးသမီးတည်ရှိကာ groups သင်္ကေတ၌ အမျိုးသမီးရုပ်ပုံမှာ အမျိုးသားနှစ်ဦး၏ရှေ့ ရောက်ရှိနေသည်။ ထိုသို့ ပြောင်းလဲလိုက်သော သင်္ကေတအတွင်း အမျိုးသမီး၏ ဆံပင်ပုံစံကို ခေတ်မီမီ ပြောင်းလဲထားသည်။ Facebook ၏ ဒီဇိုင်းမန်နေဂျာဖြစ်သူ ကတ်တလင်းဝင်းနားက သူမရေးဆွဲထားသော သင်္ကေတ ပြောင်းလဲမှုကိုလည်း ရှင်းလင်းပြောကြားခဲ့ သည်။ 

“အမျိုးသမီးကောလိပ်မှာ ကျောင်းတက်လာတဲ့ အမျိုးသမီးတစ်ယာက်အနေနဲ့ အခုသင်္ကေတကို နားလည်ဖို့ မခက်ခဲလှပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ အရိပ်အဖြစ် ရှိနေခဲ့တာပါ။ အမျိုးသမီးတွေအနေနဲ့ အဲလိုအခြေအနေက ရုန်းထွက်ဖို့ ခက်ခဲပါတယ်။ ကျွန်မရဲ့ ပထမဆုံးစိတ်ကူးက အရွယ်အစားတူညီတဲ့ လူနှစ်ဦးထဲက မည်သူ့ရှေ့မှာမှ ရှိမနေတဲ့ အရိပ်နှစ်ခုဆွဲဖို့ပါ။ နောက်ဆုံးမှာတော့ ကျွန်မက အရွယ်သေးတဲ့ အမျိုးသားပုံရှေ့မှာ အမျိုးသမီးကို နေရချထားလိုက်ပါတယ်” ဟု ကတ်တလင်းဝင်းနားက ပြောကြားခဲ့သည်။

Facebook တွင် တစ်စုံတစ်ယောက်က သင်္ကေတပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Facebook ရှိ ဝန်ထမ်းတစ်ဦးသည် လူမှုရေးမီဒီယာ၌ အမေရိကန်ပြင်ပရှိ ဥရောပ ဈေးကွက်ကို အာရုံစိုက်ရန် သုံးစွဲသူများအတွက် ကမ္ဘာလုံးပုံကို ထည့်သွင်းခဲ့သလို အာရှဈေးကွက်ကို အာရုံစိုက်ရန်အတွက် ကမ္ဘာလုံးပုံ တစ်ခုကိုလည်း ထည့်သွင်းခဲ့သေးသည်။


Ref: TheGuardian
Credit to ==> Internet Journal