Pages - Menu

Pages - Menu

Monday, July 13, 2015

Facebook Messenger ဖြင့် ငွေလွှဲနိုင်ပြီ

 Image result for Messenger image



Facebook က PayPal ၏ ယခင် ဥက္ကဌ David Marcus ၏ အကူအညီဖြင့် ပြီးခဲ့သော လအတွင်းတွင် New York City တွင် နေထိုင်သူများအတွက် Messenger မှ ငွေလွှဲသည့် ၀န်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါသည်။ ယခုမူ အမေရိကန် တစ်နိုင်ငံလုံးတွင် Messenger မှ ငွေလွှဲနိုင်ပြီ ဖြစ်သည်။ 
သူငယ်ချင်းများထံ ငွေလွှဲရန် Debit Card ကို Messenger ဖြင့် ချိတ်ဆက်ရမည် ဖြစ်ပြီး ငွေတောင်းဆို ရန် ဒေါ်လာပမာဏကို ရိုက်ထည့်လျှင် Payment Window သို့ အသုံးပြုသူများကို ခေါ်ဆောင်သွား မည် ဖြစ်သည်။ အခြားနည်းလမ်းမှာ Text Box ၏ အောက်ခြေရှိ အကြွေစေ့ အိုင်ကွန်ကို နှိပ်နိုင်ပါသည်။
 
ငွေလွှဲရန်အတွက် သင်နှင့် သူငယ်ချင်း နှစ်ယောက်စလုံးသည် Debit Card များကို Messenger ဖြင့် ချိတ်ဆက်ထားရမည် ဖြစ်သည်။ သို့မဟုတ် ငွေပေးချေရန်နှင့် ရယူရန် ဘဏ်သတင်းအချက်အလက်များကို ထည့်သွင်းရမည် ဖြစ်သည်။