Pages - Menu

Pages - Menu

Wednesday, June 17, 2015

စမတ်ဖုန်းကို စက္ကန့် ခြောက်ဆယ်အတွင်း အားဖြည့်ပေးနိုင်သည့် အလူမီနီယမ် ဘက်ထရီ

အမေရိကန်မှ သုတေသနပညာရှင်များက ပြန်လည် အားဖြည့်တင်းနိုင်သော အလူမီနီယမ် ဘက်ထရီကို တီထွင်လိုက်ပြီး စက္ကန့် ခြောက်ဆယ်အတွင်း စမတ်ဖုန်းကို အားဖြည့်ပေးနိုင်သည်ဟု ပြောပါသည်။
အလူမီနီယမ် ဘက်ထရီသည် ဈေးကွက်ထဲရှိ ဘက်ထရီ အားလုံးထက် ဈေးသက်သာခြင်း၊ ကွေးညွှတ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်းတို့တွင် ပိုမို အားသာချက်များရှိပါသည်။ အလူမီနီယမ် ဘက်ထရီသည် Lithium-Ion Battery များကဲ့သို့ မီးတောက်လောင်ခြင်းမျိုးကိုလည်း မဖြစ်ပေါ်စေနိုင်ဟု သိရပါသည်။
“ အလူမီနီယမ် ဘက်ထရီကို လွန်ပူဖြင့် ဖောက်ထွင်းကြည့်တဲ့ အခါမှာ မီးလောင်ခြင်းမရှိဘဲ အချိန်အနည်းငယ်ကြာအောင် အလုပ်ဆက်နေပါတယ်။ ဒါပေမယ့် လစ်သီယမ် ဘက်ထရီတွေကတော့ မီးလောင်နိုင်ပါတယ်။ “ ဟု တီထွင်သူအဖွဲ့မှ Dai က ပြောပါသည်။


Credit : Myanmar Digital Life Journal