Pages - Menu

Pages - Menu

Saturday, May 16, 2015

Lollipop အသုံးပြုသူ ၁၀ ရာခိုင်နှုန်း ဖြစ်လာတဲ့ ဧပြီလအတွက် Android OS အသုံးပြုမှု စာရင်း



Google က ဧပြီလအတွက် Android OS အသုံးပြုမှုစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ Android 5.0 Lollipop နှင့် အထက်ကို အသုံးပြုသည့် ကိရိယာမှာ ၁၀ ရာခိုင်နှုန်းအထိတိုးတက်လာပါသည်။

Android 4.4 KitKat ကို အသုံးပြုသူမှာ အများဆုံး ဖြစ်ပြီး ၃၉.၈ ရာခိုင်နှုန်း ဖြစ်သော်လည်း မတ်လ ရာခိုင်နှုန်း ဖြစ်သည့် ၄၁.၄ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်း ဖြစ်ပါသည်။

ဧပြီလတွင် Android Jelly Bean ( 4.1, 4.2, 4.3 ) အသုံးပြုသူ စုစုပေါင်းမှာ ၄၀ ရာခိုင်နှုန်း ဖြစ်လာပါသည်။ Android Ice Cream Snadwich အသုံးပြုသူမှာ ၅.၃ ရာခိုင်နှုန်း ဖြစ်ပါသည်။

ငါးနှစ်သက်တမ်းရှိပြီ ဖြစ်သည့် Android 2.3 Gingerbread အသုံးပြုသူမှာ ၅.၇ ရာခိုင်နှုန်း ရှိနေသေးကြောင်း သိရပါသည်။

Credit :Myanmar Digital Life Journal