Pages - Menu

Pages - Menu

Monday, May 4, 2015

Google က Android Wear Update ကို ကြေညာ

Google က စမတ်နာရီများအတွက် အထူးပြုလုပ်ထားသော မောင်းနှင်လည်ပတ်စနစ်ဖြစ်သည့် Android Wear ၏ Update ကို ကြေညာလိုက်ပါသည်။ Update တွင် စွမ်းဆောင်ချက်များစွာ ပါရှိလာသော်လည်း အဓိကကျသည့် စွမ်းဆောင်ချက်သုံးခုပါဝင်လာပါသည်။
အကောင်းဆုံး အချက်မှာ WiFi ကို အထောက်အပံ့ပေးခြင်း ဖြစ်ပါသည်။ Android Wear စမတ်နာရီသည် WiFi ချိတ်ဆက်နေပြီး ဖုန်းသည်လည်း Data Connection ရရှိနေလျှင် ဖုန်းနှင့် စမတ်နာရီသည် နီးကပ်စွာ ရှိရန် မလိုဘဲ အဝေးမှပင် ဖုန်းမှ Notification များကို စမတ်နာရီမှ ရရှိနိုင်ခြင်း၊ စမတ်နာရီမှ Message များ ပေးပို့နိုင်ခြင်းနှင့် Apps များကို အသုံးပြုနိုင်မည် ဖြစ်သည်။
Google က နာရီမျက်နှာပြင်တွင် App များကို အမြဲပြသပေးမည့် Always-On Apps ကိုလည်း အထောက်အပံ့ပေးရန် ပြုလုပ်ပေးလိုက်ပါသည်။ ယခင်ကမူ စမတ်နာရီ၏ မျက်နှာပြင်တွင် အချိန်ကို ပြသသည့် Watch Face ကိုသာ အမြဲတွေ့မြင်ရခြင်း ဖြစ်ပါသည်။ အခြား စွမ်းဆောင်ချက်တစ်ခုမှာ လက်ကို အောက်ချထားသည့်အချိန်တွင်လည်း မြေပုံ App များက လမ်းညွှန်မှုကို ပြသပေးနေမြဲ ဖြစ်ပါသည်။ ဘက်ထရီသက်သာစေရန်အတွက် လက်ကို မြှောက်၍ စမတ်နာရီကို ကြည့်ရှုသည့်အချိန်မှသာ အရောင်အပြည့်အစုံဖြင့် ပြသမည် ဖြစ်သည်။
Google က စမတ်နာရီတွင် Apps များကို လွယ်ကူစွာ အသုံးပြုနိုင်ရန်လည်း ပြုလုပ်ပေးလိုက်ပါသည်။ လက်ကို လှုပ်ခါခြင်းဖြင့် App များကို Scroll ပြုလုပ်၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ကို အသုံးပြု၍ Emoji များကို ရေးဆွဲနိုင်ပြီ ဖြစ်သည်။


Credti : Myanmar Digital Life Journal