Pages - Menu

Pages - Menu

Thursday, April 23, 2015

Kenbo W417 ကို SP Flash Tool ဖြင့် Firmware ရေးပုံ






သူငယ်ချင်းတို့ အားလုံးပဲမင်္ဂလာပါဗျာ….
ဒီတစ်ခေါက် Mobile Phone လောကထဲကိုအသစ်ရောက်ရှိလာတဲ့ Kenbo ဖုန်းကို Firmware
ရေးပုံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ SP Flash Tool ကိုအသုံးပြုပြီတော့ပဲ Firmware တင်သွားမှာပါ။
ကျွန်တော်စကားကြောမရှည်တော့ပဲနဲ့လုပ်ငန်းစဉ်စလိုက်ကြရအောင်…
ဖုန်းကို POWER ပိတ်ပြီး Battery ချွတ်ထားပြီ ပြန်တပ်ပါ။ နောက်

အောက်ကလင့်မှာ လိုအပ်တဲ့ File တွေကို ဒေါင်းရန်…..
http://www.mediafire.com/…/kenbo+W417+FLASHTOOL+FIRMWARE.rar
Driver
http://adf.ly/7037456/https://docs.google.com/uc…
or
http://www.mediafire.com/…/4qt99xsbycxit…/MTK6589-Driver.rar
OK အပေါ်က ဖိုင်ဒေါင်းပြီးပြီဆိုရင် Desktop မှာ ဖြစ်ဖြစ် Extract လုပ်ပါ။
Extract လုပ်ပြီးပြီဆိုရင် Driver Install လုပ်ပါ။ Install လုပ်ပြီရင် SP Flash Tool Folder ထဲကိုဝင်ပါ။ အဲဒီမှာ Flash_Tool.exe ကို Run ပေးပါ။
အောက်ကပုံအတိုင်း SP Flash Tool တက်လာပါလိမ့်မယ်။
ပြီးရင် SP Flash Tool Screen ထဲမှာ Scatter_loading Button ကိုနှိပ်ပါ။ Browse တစ်ခုကျလာရင် စောစောကကျွန်တော်တို့ Extract လုပ်ထားတဲ့ Folder ထဲမှာ Kenbo W417 folder ကိုဝင်ပြီအဲဒီမှာ MT6572_Android_scatter.txt File ကိုတွေ့ရင်ရွေးလိုက်ပါ။
ပြီရင် Download button ကိုနှိပ်ပြီဖုန်းနှင့်ဆက်သွယ်ရပါမယ်။ ဖုန်းနှင့်ဆက်သွယ်ဖို့အတွက် Vol Up (or) Vol Down ကိုနှိပ်ပြီး ကြိုးထိုးပါ။ ( နောက်တစ်နည်းက ဘက်ထရီကိုခွတ်ထားပါ။ ဖုန်းကို USB ကြိုးနဲ့ချိတ်ဆက်ပြီး ဘက်ထရီကိုပြန်တက်ပါ။ )
သူ Detect လုပ်နေပါလိမ့်မယ်။ ခဏစောင့်ပါ။ ဆက်လုပ်နေပါလိမ့်မယ်။
အောက်ကပုံမှာစတင်အလုပ်လုပ်နေပါပြီ…
အစိမ်းရောင်အ၀ိုင်းနဲ့တတ်လာပြီဆိုရင် Complete ဖြစ်သွားပါပြီ။
အဲဒီအဆင့်ရောက်ရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ ဘက်ထရီချွတ်၊ ပြန်တပ်ပြီ Power ပြန်ဖွင့်လိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ….
PDF File ဖြင့်သိမ်းချင်လိုသူများအတွက်..
http://www.mediafire.com/…/Kenbo_W417_ကို_SP_Flash_Tool_ဖြင…

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း